Premier League

ရီးဒင်းမှာ အန်ဒီကာရိုးလ်ဝတ်မယ့် ကျောနံပတ်ကို ပရိသတ်တွေ အံဩနေကြ

အန်ဒီကာရိုးဟာ ချန်ပီယံရှစ်ကလပ် ရီးဒင်းအသင်းမှာ ဝတ်ဆင်မယ့် ကျောနံပတ်နဲ့ ပတ်သက်ပြီး ပရိသတ်တွေက အံဩနေကြတာ ဖြစ်ပါတယ်။

အန်ဒီကာရိုးလ်ဟာ အခုအပတ်ကမှ ရီးဒင်းအသင်းနဲ့ ဇန်နဝါရီအထိ သက်တမ်းရှိတဲ့ ကာလတိုစာချုပ်ချုပ်ဆိုခဲ့တာပါ။ကာရိုးဟာ ပြီးခဲ့တဲ့ရာသီကလည်း ရီးဒင်းမှာ ကစားခဲ့တာကြောင့် ဒုတိယအကြိမ်မြောက် ထပ်မံကစားမှာ ဖြစ်ပါတယ်။

ပထမအကြိမ်ကစားခဲ့တုန်းက အန်ဒီကာရိုးလ်ဟာ ရီးဒင်းအတွက် ၈ ပွဲကစားပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့တာပါ။အန်ဒီကာရိုးလ်ဟာ ရီးဒင်းအသင်းမှာ ကျောနံပတ် ၂, ၂၀, ၂၆ နဲ့ ၂၇ တို့ကို ရွေးချယ်ခွင့်ရှိတာဖြစ်ပါတယ်။

ဒါပေမယ့် အန်ဒီကာရိုးလ်ဟာ နောက်ခံလူတွေ ဝတ်ဆင်တဲ့ ကျောနံပတ် ၂ ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ကာရိုးရဲ့ထူးဆန်းတဲ့ နံပတ်ရွေးချယ်ခဲ့တာနဲ့အတူ ပရိသတ်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ တုံ့ပြန်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။

“ဒါဟာတရားမဝင်ပါဘူး”၊ ” ဒါဟာ ကျွန်တော်မြင်ဖူးသမျှထဲမှာ ရယ်စရာအကောင်းဆုံးအသင်းနံပတ်တစ်ခုပါ” ၊ “ဒါကို ခွင့်မပြုနိုင်ပါဘူး” အစရှိတဲ့ မှတ်ချက်တွေကို ရေးသားခဲ့ကြတာဖြစ်ပါတယ်။

အန်ဒီကာရိုးလ်ကတော့ ဒီကိုပြန်လာရလို့ ပျော်ရွှင်ကြောင်းနဲ့ ဒါဟာ အလွန်ကောင်းမွန်တဲ့ ခံစားချက်လို့ ပြောခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ