Premier League

ရာသီအစနှေးကွေးလည်း လီဗာပူးလ်က EPLဆုကို စိန်ခေါ်နိုင်မှာလို့ ကာရေဂါပြော

လီဗာပူးလ်အသင်းဟာ ရာသီအစကို နှေးကွေးစွာစတင်နေပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ၆ ပွဲကစားအပြီးမှာ ရမှတ် ၉ မှတ်သာ ရယူထားနိုင်တာပါ။သူတို့ဟာ ချန်ပီယံလိဂ်အဖွင့်ပွဲမှာ နာပိုလီအသင်းကို အရေးနိမ့်ခဲ့ပေမယ့် ဒုတိယပွဲမှာ အေဂျတ်စ်အသင်းကို အနိုင်ရခဲ့တာဖြစ်ပါတယ်။

ကာရေဂါကတော့ လီဗာပူးလ်အသင်းဟာ အေဂျတ်စ်နဲ့ ပွဲမှာ အကောင်း‌ဆုံးဖြစ်ခဲ့ပြီး ဒါဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ ဖြစ်လာတာလို့ ပြောခဲ့တာပါ။ကာရေဂါက “သူတို့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်ဆဲဆိုတာကို သံသယဖြစ်စရာမရှိပါဘူး”

“လီဗာပူးလ်အသင်းဟာ သူတို့ရဲ့အကောင်းဆုံးပုံစံနဲ့မနီးစပ်ခဲ့တဲ့ ၅ ပွဲ ၆ ပွဲရှိခဲ့ပါတယ်။လီဗာပူးလ်အသင်းဟာ လမ်းကြောင်းမှန်ပေါ်ပြန်တက်ဖို့ အတွက်ဆိုရင် စောင့်ကြည့်ဖို့ နောက်ထပ် ၄ ၊ ၅ ပွဲလောက်ကစားရမှာပါ”

“ဒါပေမယ့် သူတို့ရဲ့အကောင်းဆုံးပုံစံကို ပြန်မြင်ရတာ ဝမ်းသာပါတယ်”လို့ ဆိုခဲ့ပါတယ်။လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ်မှာ လိဂ်ပွဲစဉ်အဖြစ် ချယ်လ်ဆီးနဲ့ ကစားဖို့ ရှိပေမယ့် ရွှေ့ဆိုင်းခဲ့တာကြောင့် အောက်တိုဘာလမှ ပွဲပြန်ကစားရမှာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ