World Cup 2022

အသင်းလက်မဲ့ဖြစ်ပြီး ပေါ်တူဂီကပ္ပတိန်ဖြစ်ခဲ့လို့ မှတ်တမ်းတစ်ခုရသွားတဲ့ ရော်နယ်ဒို

ရော်နယ်ဒိုဟာ မနေ့ညက ဂါနာနဲ့ ကစားခဲ့တဲ့ ပေါ်တူဂီရဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ပါဝင်ကစားခဲ့တဲ့နောက် မှတ်တမ်းတစ်ခုကို ရရှိသွားခဲ့ပါတယ်။ ဒါကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အသင်းလက်မဲ့ ကစားသမားတစ်ယောက်က လက်ရွေးစင်အသင်းတစ်သင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခွင့်ရရှိခဲ့တဲ့ ဒုတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပဲဖြစ်ပါတယ်။ သူ့မတိုင်ခင်က ဒီလိုမျိုး မှတ်တမ်းဝင်ခဲ့တဲ့ ပထမဆုံး ကစားသမားက ကနေဒါ ကစားသမား ဘရုစ်ဝီလ်ဆင်ပဲဖြစ်ပါတယ်။ ဝီလ်ဆင်ဟာ အသင်းလက်မဲ့အဖြစ်နဲ့ ပြီးခဲ့တဲ့ (၁၉၈၆) ကမ္ဘာ့ဖလားမှာ ကနေဒါအသင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့တာပါ။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ ယူနိုက်တက်နဲ့ နှစ်ဦး သဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။ ရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် နယူးကာဆယ်၊ ဆော်ဒီကလပ်အချို့က သတင်းတွေထွက်ပေါ်နေပေမယ့် ကစားသမားကိုယ်တိုင်က ကမ္ဘာ့ဖလားအတွက်ပဲ အာရုံစိုက်ထားတယ်လို့ဆိုပါတယ်။ ရော်နယ်ဒိုဟာ ပီယာ့စ်မော်ဂန်နဲ့ […]

World Cup 2022

ရော်နယ်ဒိုရဲ့ပြဿနာက ကမ္ဘာ့ဖလားအပေါ် မသက်ရောက်နိုင်ဘူးလို့ ပြိုင်ဘက်ကပ္ပတိန်ယုံကြည်နေ

ပေါ်တူဂီနဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲမှာ ရင်ဆိုင်ရမယ့် ဂါနာလက်ရွေးစင်အသင်းခေါင်းဆောင် အန်ဒရေအယူးက ရော်နယ်ဒိုရဲ့ပြဿနာတွေဟာ ပေါ်တူဂီအပေါ် တစ်စုံတစ်ရာ ထိခိုက်နိုင်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပါတယ်။ အဆိုပါ ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင်ကို ခေါ်ယူဖို့ အချို့အသင်းတွေက စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက လက်ရှိအချိန်မှာ ကမ္ဘာ့ဖလားအတွက်သာ အာရုံစိုက်ထားကြောင်း သိရှိရပါတယ်။ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ အန်ဒရေအယူးက အခုလိုပဲ ပြောကြားခဲ့ပါတယ်။ အန်ဒရေအယူးက “ပေါ်တူဂီနဲ့ ပတ်သက်လို့ ဖြစ်ပျက်နေတာက ကျွန်တော်တို့အတွက် ပြဿနာမဟုတ်ပါဘူး။ သူတို့ အားလုံးက ထိပ်တန်းအသင်းတွေမှာ ကစားနေတဲ့ ထိပ်တန်းအဆင့် ပရော်ဖက်ရှင်နယ်တွေပါ။ ဘာတွေပဲဖြစ်ဖြစ်ပေါ့” “ပေါ်တူဂီက စာရွက်ပေါ်မှာ ရေပန်းစားနေတာကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ကွင်းထဲမှာ […]

Premier League

ရော်နယ်ဒိုရဲ့အမေနဲ့ပါ ထိပ်တိုက်တွေ့ရတော့မယ့် ယူနိုက်တက်နည်းပြ တန်ဟက်ခ်

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်ကို ရန်တွေ့ရေးသားတဲ့ စာတစ်စောင်အကြောင်းကို ပြန်လည်မျှဝေပြီး ရော်နယ်ဒိုရဲ့အမေဖြစ်သူ ဒိုလိုရက်စ်အယ်လ်ဗီရိုက လက်ခုပ်တီးတဲ့ အီမိုဂျီနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ်တင်ခဲ့ပါတယ်။ အဆိုပါ အိတ်ဖွင့်ပေးစာကို ရေးသားခဲ့သူကတော့ ဂျာနယ်လစ် လူးဝစ်အော်ဆိုရီယိုဖြစ်ပါတယ်။ သူရေးသားတဲ စာထဲမှာ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ယူနိုက်တက်နည်းပြ တန်ဟက်ခ်ရဲ့ ကိုင်တွယ်ပုံတွေကို အပြင်းအထန် ဝေဖန်ထားပါတယ်။ အော်ဆိုရီယိုက “ယူနိုက်တက်ကို တန်ဟက်ခ် ကိုင်တွယ်နေသမျှ ကာလပတ်လုံးမှာ ကျွန်တော် ရယ်ပဲရယ်ချင်ခဲ့ပါတယ်။ ဒီလိုမျိုး ဘောလုံးလောကရဲ့ အောက်ခြေကလူကို ရော်နယ်ဒိုနဲ့ ခင်ဗျားတို့ နှိုင်းနေရတာလဲ” “မက်ဒဲရားဥက္ကဌဟောင်း ဂျာအိုဂျာဒင်းမ်ပြောတဲ့စကားအတိုင်း ပြောရမယ်ဆိုရင် အဲ့ဘဲကို သောက်တစ်လွဲကောင်လို့သာ ပြောလိုက်ကွာ။ ပြောပြီးသားဆိုပေမယ့် ဒါကို ထပ်ပြောဖို့ ထိုက်တန်ပါတယ်” လို့လည်း ပြင်းပြင်းထန်ထန် ရေးသားထားပါတယ်။ ရော်နယ်ဒိုရဲ့ အမေကတော့ ဒီပို့စ်ကို ပြန်လည်မျှဝေခဲ့ပြီး […]

Premier League ပြင်သစ်လီဂူး

စံချိန်တွေက ကျနော့်နောက်လိုက်နေတာဆိုပြီး မက်ဆီနဲ့ပတ်သက်လို့ တော်ကီကြွယ်ပြလိုက်တဲ့ ရော်နယ်ဒို

ယူနိုက်တက်နဲ့ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်မှူး ရော်နယ်ဒိုဟာ မက်ဆီရဲ့ ဂျာစီရောင်းအားကို ကျော်ဖြတ်နိုင်ခဲ့တဲ့အပေါ် ပျော်ရွှင်မိပြီး စံချိန်မှတ်တမ်းတွေကသာ ကျနော့်နောက်ကို လိုက်နေတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ အပြောင်းအရွှေ့ရာသီတခုအတွင်း အသင်းပြောင်းခဲ့ကြသူတွေပါ။ မက်ဆီက ပီအက်စ်ဂျီကို ပြောင်းရွှေ့ပြီး ရော်နယ်ဒိုက အသင်းဟောင်း ယူနိုက်တက်ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ရော်နယ်ဒို ယူနိုက်တက်ကို မရောက်လာခင်မှာ မက်ဆီရဲ့ ပီအက်စ်ဂျီ ဂျာစီရောင်းအားက ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒို ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တဲ့နောက် မက်ဆီရဲ့ အဆိုပါ ဂျာစီရောင်းအားကို ကျော်တက်ခဲ့ပါတယ်။ မော်ဂန်နဲ့ အင်တာဗျူးအတွင်း ရော်နယ်ဒိုက “မက်ဆီရဲ့ ဂျာစီရောင်းအားကို ကျော်တက်နိုင်ခဲ့တဲ့အတွက် ကျနော် ပျော်ရွှင်တာပေါ့။ (ရယ်လျက်) ခင်ဗျားတို့လည်း သိတဲ့အတိုင်းပဲလေ” “ကျနော်က စံချိန်မှတ်တမ်းတွေနောက်ကို […]

Premier League

အသင်းဖော်ဟောင်း ရော်နယ်ဒို ဒုက္ခရောက်နေလို့ စိတ်မကောင်းဖြစ်နေတဲ့ ဘိုနူချီ

ဂျူဗင်တပ်စ်နဲ့ အီတလီ ဂန္တဝင်နောက်ခံလူကြီး ဘိုနူချီက အသင်းဖော်ဟောင်း ရော်နယ်ဒို ယူနိုက်တက်မှာ ပြဿနာဖြစ်ပွားနေတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပီယာ့စ်မော်ဂန်နဲ့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တဲ့ စကားတွေကြောင့် တော်တော်လေး ဝေဖန်ခံနေရပါတယ်။ ယူနိုက်တက်ပရိသတ်တွေကလည်း သူ့ကို မျက်မုန်းကျိုးသွားကြပါတယ်။ ဒါ့အပြင် ယူနိုက်တက်ကလည်း အိုးထရက်ဖို့ဒ်ကွင်းမျက်နှာစာမှာရှိတဲ့ ရော်နယ်ဒိုရဲ့ ပုံရိပ်ကို ဖယ်ရှားပစ်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းသားတွေကြားမှာလည်း ရော်နယ်ဒိုရဲ့ ပြောစကားတွေအတွက် မကျေမနပ်ဖြစ်နေကြပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ဘိုနူချီက အယ်လ်ဘေးနီးယားနဲ့ ကစားမယ့် ချစ်ကြည်ရေးခြေစမ်းပွဲအတွက် ပြင်ဆင်နေပါတယ်။ ဒီမတိုင်ခင် အသင်းဖော်ဟောင်း ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ဘိုနူချီက “ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ပြောနိုင်တာက လက်ရှိ သူ့ရဲ့ […]

Premier League

ရော်နယ်ဒိုရဲ့ အင်တာဗျူးမှာ မက်ဆီအကြောင်း ပါလား၊ မပါလား မော်ဂန်ဖွင့်ဟ

ရော်နယ်ဒိုနဲ့ အရင်းနှီးဆုံး မိတ်ဆွေ ပီယာ့စ်မော်ဂန်က ရော်နယ်ဒိုနဲ့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဥ်မှာ မက်ဆီအကြောင်း ပါဝင်လားဆိုတဲ့ မေးခွန်းအပေါ် တုံ့ပြန်ပြောကြားလာပါတယ်။ ရော်နယ်ဒိုဟာ ပီယာ့စ်မော်ဂန်နဲ့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဥ်မှာ ယူနိုက်တက်နဲ့ ပတ်သက်လို့ အူမချေးခါး မကျန် ဖွင့်ဟခဲ့ပြီး ပြဿနာတွေလည်း တော်တော်လေး ဖြစ်ပွားနေပါတယ်။ ယူနိုက်တက်ပရိသတ်တွေ၊ ကစားသမားတွေက ရော်နယ်ဒိုနဲ့ ပတ်သက်လို့ တော်တော်လေးကို စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြတာပါ။ ဒါ့အပြင် တန်ဟက်ခ်ကလည်း ရော်နယ်ဒိုကို ယူနိုက်တက်မှာ နောက်တကြိမ် ပြန်ကစားခွင့် မပေးတော့ဖို့ ဆုံးဖြတ်ထားကြောင်း သတင်းတွေကဆိုပါတယ်။ ဒီလိုမျိုး အငြင်းပွားဖွယ် အင်တာဗျူးမှာ မက်ဆီနဲ့ ပတ်သက်လို့ ရော်နယ်ဒို တစုံတရာ ဖွင့်ဟခဲ့ခြင်းရှိ၊ မရှိဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ဆယ်စုနှစ်တခုကျော်ကြာ […]

Premier League

ရော်နယ်ဒိုကို ယူနိုက်တက်အသင်းကနေ ထုတ်ပစ်သင့်တယ်လို့ ကာရေဂါဝေဖန်

ပီယာ့စ်မော်ဂန်နဲ့ အငြင်းပွားဖွယ် အင်တာဗျူးကို ပြုလုပ်ခဲ့ပြီးနောက် ရော်နယ်ဒိုနဲ့ ပတ်သက်တဲ့ ဝေဖန်သံတွေ ဆူညံနေပြီး လီဗာပူးဂန္တဝင်ဟောင်း ကာရေဂါကလည်း ရော်နယ်ဒိုကို ယူနိုက်တက်တို့ အသင်းကနေ ထုတ်ပစ်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ နည်းပြဟောင်း ရန်းနစ်ဂ်၊ လက်ရှိနည်းပြ တန်ဟက်ခ်နဲ့ အသင်းဖော်ဟောင်း ရွန်းနီ၊ ယူနိုက်တက်အသင်းဖော်အချို့နဲ့ အကြီးအကဲအချို့ကို ဝေဖန်ခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ပြောစကားတွေကို ယူနိုက်တက်နည်းပြ တန်ဟက်ခ်နဲ့ ကစားသမားတွေက အံ့အားသင့်ခဲ့ရပါတယ်။ ဒီအင်တာဗျူးက ဖူလ်ဟမ်နဲ့ပွဲအပြီးမှာ အချိန်ကိုက် ထွက်ပေါ်လာခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ကာရေဂါက ရော်နယ်ဒိုဘက်က ရပ်တည်မယ့်သူတွေက ငကြောင်တွေသာ ဖြစ်မယ်လို့ ဝေဖန်ခဲ့ပါသေးတယ်။ ဒါ့အပြင် ကာရေဂါက “ရော်နယ်ဒို ပြန်ရောက်လာတည်းက ဒါမျိုး ဖြစ်မယ်လို့ ခံစားမိပြီးသားပါ” “ဒါက သူ့ရဲ့ရှိုးတခုပဲ။ […]

Premier League

ရော်နယ်ဒိုရဲ့ ယူနိုက်တက် ကစားသမားဘဝ ပြီးဆုံးသွားပြီလို့ ဖာဒီနန်ပြော

ယူနိုက်တက် ဂန္တဝင်နောက်ခံလူဟောင်းကြီး ဖာဒီနန်က ရော်နယ်ဒိုရဲ့ ယူနိုက်တက် ကစားသမားဘဝ ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ နောက်ဆုံးထွက်ပေါ်လာတဲ့ အင်တာဗျူးမှာ အသင်းရဲ့ အကြီးအကဲ၊ နည်းပြဟောင်း ရန်းနစ်ဂ်၊ နည်းပြသစ် တန်ဟက်ခ်တို့ကို ရစရာမရှိအောင် ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ အသင်းဖော်ဟောင်း ရွန်းနီနဲ့ လက်ရှိ အသင်းဖော် နှစ်ယောက် သုံးယောက်လောက်ကိုလည်း နာမည်မဖော်ဘဲ ထိုးနှက်ခဲ့ပါသေးတယ်။ ဒီအပေါ်မှာ ယူနိုက်တက်ပရိသတ်တွေလည်း ပေါက်ကွဲနေကြပါတယ်။ မနေ့ကလည်း ယူနိုက်တက်နည်းပြ တန်ဟက်ခ်နဲ့ အသင်းအကြီးအကဲတွေဟာ ရော်နယ်ဒိုရဲ့ အင်တာဗျူးကို တုံ့ပြန်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဖာဒီနန်ဟာ ရော်နယ်ဒိုရဲ့ ယူနိုက်တက် ကစားသမားဘဝ ပထမအကြိမ်မှာ အတူတွဲ ကစားခဲ့ဖူးသူပါ။ အဆိုပါ နောက်ခံလူဟောင်းကြီးက “ဒီအခြေအနေက တော်တော်လေး ရှင်းလင်းသွားပြီး အားလုံး ပြီးဆုံးသွားပါပြီ။ ယူနိုက်တက်နဲ့ […]

Premier League

အင်မတန်ကိုမှ စိတ်ပျက်ဖို့ကောင်းတဲ့ ရော်နယ်ဒိုကို စာချုပ်ဖျက်သိမ်းဖို့ ယူနိုက်တက်ပရိသတ်တွေတောင်းဆို

ယူနိုက်တက်ပရိသတ်တွေဟာ နောက်ဆုံး ထွက်ပေါ်လာတဲ့ ရော်နယ်ဒိုရဲ့ အင်တာဗျူးအပေါ် အကြီးအကျယ် စိတ်ပျက်နေကြပြီး ဒီကစားသမားကို အခုချက်ချင်း စာချုပ်ဖျက်သိမ်းလိုက်ဖို့ အဲရစ်တန်ဟက်ခ်ကို ယူနိုက်တက် ပရိသတ်တွေက တောင်းဆိုနေကြပါတယ်။ ရော်နယ်ဒိုဟာ ပီယာ့စ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ယူနိုက်တက်မကောင်းကြောင်း၊ အသင်းဖော်တွေနဲ့ နည်းပြ တန်ဟက်ခ်တို့ရဲ့ မကောင်းကြောင်းတွေအပြင် အသင်းဖော်ဟောင်း ယူနိုက်တက် ဂန္တဝင် ရွန်းနီကိုပါ ဝေဖန်ထိုးနှက်ခဲ့တာပါ။ ယူနိုက်တက်က သူ့ကို သစ္စာဖောက်ခဲ့တယ်လို့ ရော်နယ်ဒိုက ပြောခဲ့တဲ့အပြင် ရန်းနစ်ဂ်က ယူနိုက်တက်နည်းပြတောင် မဖြစ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တန်ဟက်ခ်က သူ့ကိ မလေးစားတာကြောင့် သူ့အနေနဲ့လည်း တန်ဟက်ခ်ကို လေးစားမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ ယူနိုက်တက် ကစားသမားဘဝ ပထမအကြိမ်မှာ သူ့ကို ဆွဲတင်ပေးခဲ့တဲ့ ရွန်းနီက သူ့ကို အခုချိန်မှာ ဝေဖန်နေတဲ့အပေါ် […]

Premier League

ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်အမှတ်လျော့တယ်ဆိုတာမျိုးမရှိရဘူးလို့ ရပ်ရှ်ဖို့ဒ်သတိပေး

ယူနိုက်တက်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က ဒီကနေ့ည ကစားမယ့် ဖူလ်ဟမ်နဲ့ပွဲမှာ အမှတ်ထပ်လျော့ခံလို့ မရဘူးလို့ အသင်းဖော်တွေကို သတိပေးစကား ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ အက်စတွန်ဗီလာကို အဝေးကွင်းမှာ ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒီကနေ့ညမှာ ယူနိုက်တက်တို့ ဖူလ်ဟမ်ကို အဝေးကွင်းမှာပဲ သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီပွဲမတိုင်ခင် ရပ်ရှ်ဖို့ဒ်က “ငါတို့တွေ ပြီးခဲ့တဲ့အပတ်က အမှတ်လျော့ခဲ့တယ်။ ဒါမျိုး နှစ်ပွဲဆက် ထပ် အဖြစ်မခံနိုင်ဘူး။ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသပြီး နိုင်ပွဲရဖို့ အရေကြီးနေပြီ” “အချိန်ကာလတခုအတွက် ဒါက ငါတို့ နောက်ဆုံးကစားထားတဲ့ ပွဲတပွဲဖြစ်နေမှာပါ။ ဒီတော့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ အပေါင်းလက္ခဏာဆောင်တဲ့ ခံစားချက်၊ အရှိန်တွေနဲ့အတူ ချန်ထားခဲ့နိုင်ဖို့ အရေးကြီးတယ်” “လူတိုင်းက ကမ္ဘာ့ဖလားအတွက် စိတ်လှုပ်ရှားနေကြမယ်လို့ […]