Premier League

သူ့အပေါ် စိတ်ရှည်သည်းခံပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်နေတဲ့ ဆွန်ဟောင်မင်

စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ လက်စတာနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် သူ့အပေါ် စိတ်ရှည်သည်းခံပေးခဲ့ကြတဲ့ ပရိသတ်တွေနဲ့ အသင်းဖော်တွေကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

ဒီပွဲမှာ ဆွန်ဟောင်မင်က အရန်ခုံသာထိုင်ခဲ့ရပြီး ဒုတိယပိုင်း (၅၉) မိနစ်မှ လူစားဝင်ကစားခွင့်ရရှိခဲ့တာပါ။ ဒါပေမယ့် ဆွန်ဟောင်မင်က ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ဒီဟက်ထရစ်ကလည်း (၁၃) မိနစ်အတွင်း သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆွန်ဟောင်မင် လူစားဝင်လာချိန်မှာ စပါးက လက်စတာကို ၃-၂ ဂိုးနဲ့ ဦးဆောင်ထားတာဖြစ်ပြီး ဆွန်ဟောင်မင် ဝင်လာပြီးနောက်ပိုင်း ဆွန်ရဲ့ ဟက်ထရစ်နဲ့ ၆-၂ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲက သွင်းဂိုးတွေဟာ ဆွန်အတွက် ဒီရာသီ ပထမဆုံး သွင်းဂိုးတွေလည်းဖြစ်ခဲ့ပါတယ်။

ပွဲအပြီးမှာ ဆွန်ဟောင်မင်က “ကျနော့်အနေနဲ့ အရင်ပွဲတွေမှာတည်းက အခုထက် ပိုကောင်းအောင် ကစားနိုင်ခဲ့သင့်တာပါ။ အဲ့ဒီအတွက်လည်း ကျနော် စိတ်ပျက်ခဲ့ရပါတယ်။ အသင်းက တကယ်ကောင်းနေပါတယ်”

“ဒါပေမယ့် ကျနော့်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ စိတ်ပျက်မိပါတယ်။ ဒီရာသီမှာ ကျနော့်အဆုံးသတ်ပိုင်းက ဆိုးရွားခဲ့ပါတယ်။ လူကျွံနေတာတွေ၊ ဂိုးဘားတန်းထိခဲ့တာတွေလည်း ကံဆိုးခဲ့ပါတယ်။ ဒါပေမယ့် ဂိုးတွေရတော့မှာကို ကျနော် သိထားပြီး မစိုးရိမ်ခဲ့ပါဘူး”

“အခုလို ပြန်လာနိုင်ခဲ့တဲ့အတွက်ရော၊ အသင်းကို ကူညီပေးနိုင်ခဲ့တဲ့အတွက်လည်း ကျနော် တကယ် ဝမ်းသာပါတယ်။ ဒါက တကယ်ကို အရေးကြီးတဲ့ကိစ္စဖြစ်ပြီး နိုင်ငံအသင်းအတွက် ခွန်အားအပြည့်နဲ့ သွားနိုင်တော့မှာပါ။ အရိုးသားဆုံးပြောရရင် ကျနော် စိတ်လှုပ်ရှားခဲ့ပါတယ်”

“ပရိသတ်တွေဆီက အံ့အားသင့်ဖွယ် အားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျနော်က အသင်းဖော်၊ ပရိသတ်တွေကို ကျနော့်ရဲ့ ဆိုးရွားတဲ့ပုံစံနဲ့ စိတ်ပျက်စေခဲ့တယ်လို့ ခံစားခဲ့ရပါတယ်။ သူတို့က ကျနော့်ကို အမြဲတမ်း အားပေးခဲ့ကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ