Laliga

လီဝန်ဒေါစကီးနဲ့ပတ်သက်လို့ အံ့အားသင့်ရတဲ့အရာတခုကို ဇာဗီဖွင့်ဟပြောကြား

ဘာစီလိုနာနည်းပြ ဇာဗီက အသင်းရဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ပတ်သက်လို့ သူကိုယ်တိုင် အံ့အားသင့်မိရတဲ့ အကြောင်းပြချက်တခုကို ဖွင့်ဟပြောကြားလာပါတယ်။ လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့နွေမှာ ဘိုင်ယန်မြူးနစ်ကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း (၄၀) နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

အဆိုပါ ပိုလန်တိုက်စစ်မှူးဟာ ကတ်တလန်မြေမှာ အချိန်တိုအတွင်း ခြေစွမ်းပြ ဂိုးသွင်းယူပြီး အသင်းမှာ အထိုင်ကျလာခဲ့ပါတယ်။ အသက် (၃၄) နှစ်အရွယ် လီဝန်ဒေါစကီးဟာ အသင်းအတွက် ပြိုင်ပွဲစုံ (၈) ပွဲမှာ (၁၁) ဂိုးသွင်းယူပေးထားပါတယ်။

လီဝန်ဒေါစကီးဟာ ဘာစီလိုနာ ကစားသမားဘဝ ပထမဆုံး ချန်ပီယံလိဂ်ပွဲမှာလည်း ဗစ်တိုးရီးယားပါလ်ဇန်ဘက်ကို ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။ မနေ့က ကစားခဲ့တဲ့ အယ်လ်ချီနဲ့ လာလီဂါအိမ်ကွင်းပွဲမှာလည်း လီဝန်ဒေါစကီးက (၂) ဂိုး သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပါသေးတယ်။

ဒီလိုမျိုး လီဝန်ဒေါစကီးနဲ့ ပတ်သက်လို့ ဇာဗီက “လီဝန်ဒေါစကီးရဲ့ လူသားဆန်မှုအပိုင်းနဲ့ပတ်သက်လို့ ကျနော်က အံ့အားသင့်နေရတာပါ။ သူက အရမ်းကို နှိမ့်ချတတ်ပြီး ကတိကဝတ်ရှိတယ်၊ နိုင်ပွဲတွေနဲ့ သွင်းဂိုးတွေကို အမြဲတမ်း ဆာလောင်နေတတ်သူပါ” လို့ ပြောကြားခဲ့ပါတယ်။

ဘီဘီစီရဲ့ အချက်အလက်တွေအရ လီဝန်ဒေါစကီးဟာ လာလီဂါမှာ (၅၆) မိနစ် ကစားတိုင်း တဂိုးသွင်းယူထားတယ်လို့ သိရှိရပါတယ်။ ဘာစီလိုနာကလည်း လက်ရှိ လာလီဂါမှာ (၆) ပွဲကစားပြီးချိန်မှာ အဖွင့်တပွဲ သရေကျထားတာကလွဲရင် ကျန်တဲ့ပွဲအားလုံးမှာ နိုင်ပွဲရရှိခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား