Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။

ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ အက်သလက်တီကိုထံ ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ပြောင်းရွှေ့နိုင်မှာပါ။ အက်သလက်တီကိုဟာ ပြီးခဲ့တဲ့နွေရာသီတည်းက ဂရစ်ဇ်မန်းကို ယူရိုသန်း (၂၀) နဲ့ အပြီးသတ်ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် ဘာစီလိုနာဘက်က ယူရိုသန်း (၄၀) ကိုပဲ တောင်းဆိုခဲ့ပါတယ်။ တဖက်မှာလည်း ဂရစ်ဇ်မန်းက အက်သလက်တီကိုမှာ ပွဲကစားချိန်ရဲ့ (၅၀) ရာခိုင်နှုန်းကို ကစားခွင့်ရပြီဆိုတာနဲ့ ယူရိုသန်း (၄၀) နဲ့ မဖြစ်မနေ ခေါ်ယူရမယ့်အချက်လည်း ပါဝင်ပါတယ်။

အက်သလက်တီကိုကတော့ ပြောင်းရွှေ့ကြေးကြောင့် ဒီအချက်ကို အသက်မသွင်းလိုဘဲ ပွဲကစားချိန် မိနစ် (၆၀) နောက်ပိုင်းမှသာ ဂရစ်ဇ်မန်းကို လူစားဝင်ကစားစေပါတယ်။ ဒါပေမယ့် ဘာစီလိုနာကတော့ အက်သလက်တီကိုတို့ တရာသီလုံး ဒီလို အသုံးပြုသွားလည်း သေချာပေါက် ခေါ်ယူရမယ်လို့ တွက်ချက်နေပါတယ်။

အကြောင်းကတော့ ပြီးခဲ့တဲ့ရာသီမှာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ပွဲတွေရဲ့ (၅၀) ရာခိုင်နှုန်းနဲ့အထက် ကစားခွင့်ပေးထားပြီးဖြစ်တာကြောင့်ပါ။

အခု တနှစ်ကလည်း သာမန် သက်တမ်းတိုးခွင့် တနှစ်ကြောင့်သာဖြစ်ပြီး ဒီတနှစ်ကို ထည့်မတွက်ဘဲ ဘာစီလိုနာတို့ ယူရိုသန်း (၄၀) ရရှိဖို့အရေး အက်သလက်တီကိုကို တရားစွဲဖို့ ပြင်ဆင်လာနိုင်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား
Laliga

ရီးရယ်လ်အတွက် ဘယ်ပွဲမှ ဘန်ဇီမာ ပြန်ပါနိုင်မလဲဆိုတာ ပြောပြခဲ့တဲ့ အန်ဆယ်လော့တီ

ဘန်ဇီမာဟာ ရီးရယ်လ်အသင်း နောက်ကစားမယ့် ပွဲစဉ် ၂ ပွဲကို ပါဝင်နိုင်မှာမဟုတ်ပေမယ့် အသလက်တီကိုအသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ ပြန်ပါဝင်နိုင်မယ်လို့ နည်းပြ အန်ဆယ်လော့တီက ပြောလိုက်ပါတယ်။ ဘန်ဇီမာဟာ ဆဲလ်တစ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့