Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။

ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်က ဒေးဗစ်ဆေးလ်ဗားရဲ့ ကန်ချက်ကို တားဆီးတဲ့နေရာမှာ လက်နဲ့ထိခဲ့တယ်ဆိုပြီး အီတလီကွင်းလယ်ဒိုင် မာကိုဒီဘယ်လိုက မာတီနက်ဇ်ကိုပါ အဝါကတ်ပြသခဲ့တာပါ။

ဒါ့အပြင် VAR နဲ့ ပြန်လည်စစ်ဆေးတာမျိုးမရှိဘဲ ပင်နယ်တီပေးခဲ့ပါတယ်။ တကယ့် အနှေးပြကွက်တွေမှာတော့ ဒေးဗစ်ဆေးလ်ဗားရဲ့ ကန်ချက်က မာတီနက်ဇ်ရဲ့ ခြေထောက်နဲ့ ထိပြီးမှသာ လက်မောင်းနဲ့ မတော်တဆ ထိမိခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ဒီဆုံးဖြတ်ချက်အပေါ် ပေါက်ကွဲနေပြီး မာတီနက်ဇ်အနေနဲ့ လက်မောင်းရှိနေလို့သာ ဒီလိုမျိုး ပင်နယ်တီပေးခံရတာလို့လည်း လှောင်ပြောင်မှတ်ချက်ပြုနေကြပါတယ်။

ပရိသတ်တွေက “ဒါက ဘယ်လိုဖြစ်လို့ ပင်နယ်တီပေးရမှာလဲ၊ ဘောလုံးက မာတီနက်ဇ်ရဲ့ ခြေထောက်ကို ထိမှန်ခဲ့တာရှင်းလင်းပြီး စည်းကမ်းတွေထဲမှာလည်း ဖော်ပြထားပြီးသားလေ”

“တကယ်လို့ ဒီဖြစ်ရပ်ကို ပင်နယ်တီဆိုရင် လူတိုင်း သွားပါပြီ။ တကယ်ကို ထူးခြားတဲ့ ဆုံးဖြတ်ချက်ပါ” “ဒါမျိုးက ဘယ်တော့မှ ပင်နယ်တီမဖြစ်သင့်ပါဘူး” လို့ အမျိုးမျိုး ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

ယူနိုက်တက်ဟာ အာဆင်နယ်နဲ့ပွဲမှာတုန်းက ပြိုင်ဘက်အသင်းရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပေမယ့် VAR နဲ့ ပယ်ဖျက်ခဲ့ရပါတယ်။ ဒါပေမယ့် အာဆင်နယ်ပရိသတ်တွေက ဒီအပေါ်မှာ ပေါက်ကွဲခဲ့ပြီး အခု ယူနိုက်တက်တို့ ပြန်ပြီး ခံစားရချိန်မှာတော့ ဝိုင်းဝန်းလှောင်ပြောင်နေကြပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ
Europa League

မန်ချက်စတာက အပြာနဲ့ အဖြူရောင်ဆိုပြီး ယူနိုက်တက်ကို ဆိုစီဒက်နဲ့ ဒေးဗစ်ဆေးလ်ဗား လှောင်ပြောင်

ဒေးဗစ်ဆေးလ်ဗားဟာ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ယူနိုက်တက်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိအောင် ဆိုစီဒက်အသင်းကို အကူအညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးဂန္တ၀င်ကစားသမားဖြစ်သူ ဒေးဗစ်ဆေးလ်ဗားဟာ မန်ချက်စတာကို ပြန်လာချိန်မှာ ဆိုစီဒက်အသင်း အနိုင်ရစေမယ့် အဖိုးတန်သွင်းဂိုးဖြစ်တဲ့ ပင်နယ်တီရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ဒေးဗစ်ဆေးလ်ဗား ရဲ့ ဂိုးဧရိယာအတွင်း