Premier League

ဘုရင်မကြီး အဲလိဇဘတ် II ကွယ်လွန်မှုကြောင့် ဒီတစ်ပတ် EPL ပွဲတွေကို ရွှေ့ဆိုင်းဖို့ ရှိနေ

ပရီးမီးယားလိဂ်ကလပ်တွေဟာ ဘုရင်မကြီး အဲလိဇဘတ် II ကွယ်လွန်မှုကြောင့် ဒီတစ်ပတ်ကစားမယ့် အမှတ်‌ပေးလိဂ်ပွဲစဉ်တွေကို ရွှေ့ဆိုင်းမယ်လို့ ယုံကြည်နေကြတာဖြစ်ပါတယ်။

အသက် ၉၆ နှစ်အရွယ်ရှိ ဘုရင်မကြီးဟာ ဘယ်လ်မိုရယ်လ်ရှိ တော်ဝင်နေအိမ်မှာ ကွယ်လွန်ခဲ့တာလို့ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တာပါ။ဗြိတိန်ဟာ သူတို့သက်တမ်းအရှည်ကြာဆုံး ဘုရင်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို ၁၀ ရက်ကြာကျင်းပသွားဖို့ ရှိပါတယ်။

အဲ့ဒါကြောင့် ဒီသတင်းပတ်အကုန်မှာ ကစားဖို့ စီစဉ်နေတဲ့ အားကစားပွဲတွေကို ရွှေ့ဆိုင်းဖို့ စီစဉ်နေတယ်လို့ ဒေးလီးမေးလ်က ဖော်ပြခဲ့တာပါ။EFL ကတော့ ဘန်လေနဲ့ နော်ဝစ်ခ်ျတို့ရဲ့ချန်ပီယံရှစ်၊ ထရန်မီရီနဲ့ စတော့ပို့တ်တို့ရဲ့ပွဲတွေကို ရွှေ့ဆိုင်းခဲ့ပါတယ်။

ပရီးမီးယားလိဂ် အစောဆုံးပွဲစဉ်အဖြစ် စနေနေ့မှာ ဖူလ်ဟမ်နဲ့ ချယ်လ်ဆီးအသင်း ကစားဖို့ ရှိနေပါတယ်။ပရီးမီးယားလိဂ်ကတော့ ဘုရင်မကြီး ကွယ်လွန်မှုကြောင့် ကလပ်အသင်းတွေနဲ့အတူ ဝမ်းနည်းကြောင်း ရေးသားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရွှေ့ဆိုင်းဖို့တော့ အတည်ပြုထားခြင်းမရှိသေးပါဘူး။ပရီးမီးယားလိဂ်အသင်းတွေပါဝင်တဲ့ ဥရောပပွဲစဉ်‌တွေဖြစ်တဲ့ အာဆင်နယ်၊ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းပွဲတွေမှာ ၁ မိနစ်ကြာငြိမ်သက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ