Europa League

မန်ချက်စတာက အပြာနဲ့ အဖြူရောင်ဆိုပြီး ယူနိုက်တက်ကို ဆိုစီဒက်နဲ့ ဒေးဗစ်ဆေးလ်ဗား လှောင်ပြောင်

ဒေးဗစ်ဆေးလ်ဗားဟာ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ယူနိုက်တက်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိအောင် ဆိုစီဒက်အသင်းကို အကူအညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဂန္တ၀င်ကစားသမားဖြစ်သူ ဒေးဗစ်ဆေးလ်ဗားဟာ မန်ချက်စတာကို ပြန်လာချိန်မှာ ဆိုစီဒက်အသင်း အနိုင်ရစေမယ့် အဖိုးတန်သွင်းဂိုးဖြစ်တဲ့ ပင်နယ်တီရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ဒေးဗစ်ဆေးလ်ဗား ရဲ့ ဂိုးဧရိယာအတွင်း ကန်သွင်းချက်ကို ယူနိုက်တက်နောက်ခံလူ မာတီးနတ်စ် ဖျက်ထုတ်တားဆီးခဲ့တာ ဖြစ်ပါတယ်။

ဒီဖျက်ထုတ်မှုမှာ ယူနိုက်တက်အသင်း ပင်နယ်တီပေးခဲ့ရပြီး ဆိုစီဒက်ကစားသမားက ဂိုး၀င်အောင် ကန်သွင်းသွားခဲ့တာပါ။ပွဲအပြီးမှာ ဆိုစီဒက်အသင်းက ဆေးလ်ဗားကွင်းအပြင်ထွက်လာတဲ့ ဗီဒီယိုဖိုင်နဲ့အတူ မန်ချက်စတာက အပြာရောင်နဲ့ အဖြူရောင်ဆိုပြီး စာရေးသားခဲ့တာဖြစ်ပါတယ်။

ဆေးလ်ဗားကလည်း ယူနိုက်တက်အသင်းနဲ့ ကစားနေတဲ့ ပုံကိုတင်ကာ အပြာရောင်အသည်းပုံနဲ့ နောက်တစ်ကြိမ်ဆိုပြီး သူ့ရဲ့ တွစ်တာမှာ တင်ခဲ့တာပါ။ဒေးဗစ်ဆေးလ်ဗားကတော့ ယူနိုက်တက်ကို ဒီပွဲအပါအ၀င် ၁၀ပွဲမြောက် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒေးဗစ်ဆေးလ်ဗားဟာ ကစားသမားဘ၀မှာ ယူနိုက်တက်နဲ့ တွေ့ဆုံခဲ့ရာမှာ ၁၀ ပွဲနိုင်၊ ၁၀ ပွဲရှုံးနဲ့ ၁ ပွဲသရေရလဒ်ထွက်ပေါ်ထားတာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ