Uncategorized

သမီးဖြစ်သူနဲ့အတူ အယ်လ်ဟီလယ်ရဲ့အောင်ပွဲခံအခမ်းအနားကို ဆင်နွှဲခဲ့တဲ့ နေမာ

နေမာဟာ ဒီရာသီ အယ်လ်ဟီလယ်အသင်း ဆော်ဒီပရိုလိဂ်ဖလားရယူနိုင်ခဲ့တဲ့ အောင်ပွဲခံအခမ်းအနားကို သမီးဖြစ်သူနဲ့အတူ ဆင်နွှဲသွားခဲ့တာဖြစ်ပါတယ်။

အယ်လ်ဟီလယ်အသင်းဟာ အယ်လ်ဟာဇမ်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် လိဂ်ပွဲစဉ်ပြီးဆုံးဖို့ ၃ ပွဲအလိုမှာ အဆင့် ၂ နေရာက အယ်လ်နာဆာအသင်းကို ၁၂ မှတ်အထိဖြတ်ထားနိုင်ခဲ့တာကြောင့် ချန်ပီယံဆုကို ရယူနိုင်ဖို့သေချာသွားခဲ့တာပါ။အယ်လ်ဟီလယ်အသင်းဟာ ဆော်ဒီပရိုလိဂ်ဖလားကို နောက်ဆုံး ၅ နှစ်အတွင်း ၄ ကြိမ်ရယူနိုင်ခဲ့ပြီး စုစုပေါင်း ၁၉ ကြိမ်အထိရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ နေမာဟာ သမီးဖြစ်သူနဲ့ ကွင်းအတွင်းဝင်ရောက်ပြီး အောင်ပွဲခံခဲ့သလို အဝတ်လဲခန်းထဲကိုလည်း သွားရောက်ကာ အသင်းဖော်တွေနဲ့ အောင်ပွဲခံမှုပြုလုပ်ခဲ့တာပါ။နေမာဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ဘရာဇီးလ်အသင်းနဲ့ ဥရုဂွေးအသင်းတို့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် တစ်ရာသီလုံးအနားယူခဲ့ရပြီး လာမယ့်ကိုပါအမေရိကဖလားပြိုင်ပွဲမှာလည်း ဘရာဇီးလ်အသင်းအတွက် မပါဝင်နိုင်တော့တာဖြစ်ပါတယ်။

Soccer Football – Asian Champions League – Group D – Nassaji Mazandaran v Al Hilal – Azadi Stadium, Tehhran, Iran – October 3, 2023 Al Hilal’s Neymar scores their second goal Majid Asgaripour/WANA (West Asia News Agency) via REUTERS

နေမာဟာ ဒဏ်ရာကြောင့် အနားမယူခင် အယ်လ်ဟီလယ်အသင်းအတွက် ဆော်ဒီလိဂ် ၃ ပွဲပါဝင်ကစားခဲ့ပြီး ၂ ဂိုးဖန်တီးကာ ပြိုင်ပွဲစုံမှာ ၅ ပွဲပါဝင်ကစားခဲ့ပြီး ၁ ဂိုးသွင်းယူခဲတာပါ။အယ်လ်ဟီလယ်အသင်းဟာ ဒီရာသီ ဆော်ဒီပရိုလိဂ် ၃၁ ပွဲကစားအပြီးမှာ ၂၉ ပွဲအနိုင်ရပြီး ၂ ပွဲသရေကျကာ ရှုံးပွဲမရှိသေးတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol