Uncategorized

လာမယ့်ရာသီ ချယ်လ်ဆီးမှာ ဆက်ပြီးရှိချင်တယ်လို့ဆိုခဲ့တဲ့ ပိုချက်တီနို

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက လာမယ့်ရာသီအသင်းမှာဆက်ပြီးရှိချင်တယ်လို့ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီနိုင်ပွဲကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက်အနိုင်ရပြီး အဆင့် ၇ နေရာမှာရပ်တည်နေကာ လာမယ့်ရာသီ ဥရောပဝင်ခွင့်ရယူနိုင်ဖို့ မျှော်လင့်ချက်တွေ အားကောင်းလာခဲ့တာဖြစ်ပါတယ်။ပိုချက်တီနိုဟာ အစောပိုင်းက ဝေဖန်မှုတွေနဲ့ ဖိအားဒဏ်တွေကြောင့် ချယ်လ်ဆီးအသင်းကနေ ထွက်ခွာနိုင်တယ်လို့ ပြောခဲ့ပေမယ့် အခုအချိန်မှာတော့ ဆက်ကိုင်တွယ်ချင်တယ်လို့ ဆိုလာခဲ့တာပါ။

ပိုချက်တီနိုက “ကျနော် မပျော်ရွှင်ခဲ့ဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ ရှင်းရှင်းပြောရရင် ပိုင်ရှင်က ကျနော့်ရဲ့အလုပ်ကိုကျေနပ်ရင် ဆက်ပြီးကိုင်တွယ်ချင်ပါတယ်။ကျနော်က အမြဲတမ်းရေရှည်တွေးတက်တဲ့နည်းပြပါ။ကျနော့်မှာ စာချုပ်တစ်နှစ်ကျန်ရှိနေပြီး ဒီမှာဆက်ရှိဖို့ စိတ်ကူးထားတယ်”လို့ ဆိုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်လက်ကျန် ၂ ပွဲအဖြစ် ဘရိုက်တန်၊ဘုန်းမောက်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ၂ ပွဲစလုံးအနိုင်ရခဲ့ရင် လာမယ့်ရာသီဥရောပဝင်ခွင့်တစ်နေရာကို ရယူနိုင်မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol