Uncategorized

အင်တာမိုင်ယာမီအနိုင်ရခဲ့ပေမယ့် မေဂျာလိဂ်ရဲ့စည်းမျဉ်းအသစ်ကိုစိတ်ပျက်နေတဲ့ မက်ဆီ

အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီဟာ ဒဏ်ရာရတဲ့ ကစားသမားတွေ ကွင်းအပြင်ကို ၂ မိနစ်ကြာထွက်ရတဲ့ မေဂျာလိဂ်ရဲ့စည်းမျဉ်းအသစ်ကိုစိတ်ပျက်ပြီး ဝေဖန်မှုပြုလုပ်သွားခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းက မွန်ထရီရယ်လ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ မက်ဆီဟာ ဒဏ်ရာရခဲ့တာကြောင့် ကုသမှုခံယူခဲ့ရလို့ ကွင်းပြင်ကိုထွက်ခဲ့ရပြီး ကွင်းထဲပြန်ဝင်ဖို့ ၂ မိနစ်စောင့်ခဲ့ရတာပါ။အဲ့ဒါကြောင့် မက်ဆီက ကင်မရာကြည့်ပြီး ဒီစည်းမျဉ်းတွေကြောင့် ပိုပြီးဆိုးလာတော့မယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

မေဂျာလိဂ်ရဲ့စည်းမျဉ်းအသစ်ဟာ ကွင်းထဲမှာ ကစားသမားတွေဒဏ်ရာရချင်ယောင်ဆောင်ပြီး အချိန်ဆွဲတာကို တားဆီးဖို့ ရည်ရွယ်ခဲ့ပေမယ့် မက်ဆီလို ကစားသမားက ဒီအဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရတာကြောင့် စိတ်ပျက်နေတာပါ။မက်ဆီ ကွင်းအပြင်မှာရှိနေတဲ့ အင်တာမိုင်ယာမီအသင်း ဖရီးကစ်ကန်ခွင့်ရခဲ့ပြီး ရိုဂျက်စ်က လှလှပပကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနိုက မက်ဆီကို ကြမ်းကြမ်းတမ်းတမ်းကစားခဲ့တဲ့ ကစားသမားကို အဝါကတ်မပြသလို မက်ဆီကိုလည်း ကွင်းအပြင်မှာ ၂ မိနစ်ကြာနေခိုင်းတဲ့ ဒီစည်းမျဉ်းအသစ်ကို ပြန်ပြင်ရမယ့် အခြေအနေတွေအများကြီးရှိတယ်လို့ ပြောခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ဒီပွဲမှာ ၂ ဂိုး- ဂိုးမရှိနဲ့ မွန်ထရီရယ်လ်အသင်းကို အရေးနိမ့်နေတာကနေ ၃ ဂိုးပြန်သွင်းပြီး နိုင်ပွဲရယူသွားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol