Uncategorized

သူ့ရဲ့ဦးနှောက်က အာဆင်နယ် ပရီးမီးယားလိဂ်ဖလားရမယ်လို့ ပြောနေကြောင်းဆိုခဲ့တဲ့ အာတီတာ

အာဆင်နယ်အသင်းနည်းပြ အာတီတာက အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်လိမ့်မယ်ဆိုပြီး သူ့ရဲ့ဦးနှောက်က သူ့ကို ပြောခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးအသင်းနဲ့ ၂ နှစ်ဆက်တိုက် အပြိုင်ဖြစ်နေပြီး အာတီတာကတော့ ဒီရာသီသူ့အသင်း ချန်ပီယံဆုရယူနိုင်မယ်လို့ ယုံကြည်မှုရှိနေတာပါ။အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ မန်စီးတီးအသင်းထက် ၁ ပွဲပိုကစားထားပြီး ၁ မှတ်အသာနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်ထားတာဖြစ်ပါတယ်။

အာတီတာက “ကျနော့်ဦးနှောက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ဖို့ ကျနော့်ကို ကစားသမားဆီခေါ်ဆောင်သွားခဲ့ပါတယ်။ကျနော့်ဦးနှောက်က အခုအချိန်မှာ ဒါကိုလုပ်ဆောင်နေတာပါ။ကျနော်ကိုယ်တိုင်လည်း ဒီလိုမျိုးခံစားနေရပြီး ဒီနည်းလမ်းကို လူတိုင်းတွေးကာ အောင်မြင်မှုရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ကို ရရင် အမိုးဖွင့်ဘတ်စ်ကားနဲ့လှည့်လှည်အောင်ပွဲခံဖို့တောင် စီစဉ်နေတာပါ။အာဆင်နယ်အသင်းအနေနဲ့ ဒီလိုဖြစ်ဖို့ဆိုရင် လက်ကျန် ၂ ပွဲစလုံးအနိုင်ရယူရမှာဖြစ်သလို မန်စီးတီးအသင်း ခြေချော်ဖို့ကို မျှော်လင့်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol