Premier League

ဂိုးပေါက်ပျောက်ဆုံးနေမှုအပေါ်မှာ စိုးရိမ်မှုမရှိကြောင်း ဆွန်ဟောင်မင်ပြော

ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်တိုက်စစ်မှူး ဆာလတ်နဲ့အတူ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ‌ဆွန်ဟောင်မင်ဟာ ဒီရာသီ ပွဲစဉ်ပေါင်း ၇ ပွဲကစားအပြီးမှာ စပါးအသင်းအတွက် ဂိုးပေါက်ပျောက်ဆုံးနေတာပါ။ဆွန်ဟောင်မင်ဟာ ဂိုးပေါက်ပျောက်ဆုံးနေတဲ့အပေါ်မှာ မစိုးရိမ်ကြောင်းနဲ့ မကြာခင်မှာ ဂိုးရနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဆွန်ဟောင်မင်က ” ကျွန်တော်အဆင်ပြေပါတယ်။ရိုးရိုးသားသားပြောရရင် ပွဲတွေမှာ အခွင့်အရေးမရရင်တော့ စိုးရိမ်မိမှာပါ။ဒါပေမယ့် အခွင့်အရေးရတုန်းပါပဲ။တချို့ပွဲတွေမှာဆို ကံဆိုးတဲ့ အခိုက်အတန့်တွေရှိခဲ့ပါတယ်”

“တချို့ပွဲတွေမှာဆို အဆုံးသတ်ပိုင်း ဆိုးရွားခဲ့ပါတယ်။ဒါက ကျွန်တော့်ကို ပိုပြီးသန်မာလာစေမှာပါ။ဒါက တိုးတက်မှုတစ်ခုလို့ပဲ မြင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင် ကျွန်တော့်မှာ တိုးတက်ဖို့ အတွက် နေရာတွေအများကြီးကျန်သေးလို့ပါ”

“အရေးကြီးဆုံးက အသင်းလိုက်ကောင်းမွန်စွာလုပ်နိုင်ဖို့ပါ။ကျွန်တော်က‌တော့ အသင်းက လိုအပ်တာမှန်သမျှကို လုပ်မှာပါ။ကျွန်တော့်ကို အသင်း၊ဝန်ထမ်းတွေနဲ့ ပရိသတ်တွေက ကူညီနေတာကြောင့် မစိုးရိမ်ပါဘူး။တစ်ဂိုးသွင်းလိုက်ရင်တော့ ယုံကြည်မှုတွေပြန်ရမယ်ထင်ပါတယ်”

Son Heung-Min of Tottenham controls the ball during the UEFA Champions League match between Tottenham Hotspur and Olympique de Marseille at White Hart Lane, London on Wednesday 7th September 2022. (Photo by Federico Maranesi/MI News/NurPhoto) (Photo by MI News / NurPhoto / NurPhoto via AFP)

“ပြီးရင်တော့ ဂိုးတွေထပ်ပြီးသွင်းနိုင်ဖို့ ကျွန်တော်မျှော်လင့်ကြောင်း”ပြောခဲ့တာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ