Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။

အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ နှစ်ဖက်အသင်းကစားသမားတွေက တမိနစ်ငြိမ်သက် အောက်မေ့တဲ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ရှင် ပရိသတ်တွေကတော့ ဒီအပေါ်မှာ လေးစားမှုမထားခဲ့ကြပါဘူး။

ဇူးရစ်ချ် ပရိသတ်တွေဟာ အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်နေချိန်မှာ အော်ဟစ်လှောင်ပြောင်နေခဲ့ကြပါတယ်။ အဆိုပါ ဆွစ်ဇာလန်ကလပ်ရဲ့ ပရိသတ်တွေက စက္ကန့် (၄၀) လောက်အကြာမှာ စတင်အော်ဟစ်လှောင်ပြောင်ခဲ့ကြတာဖြစ်ပြီး ကစားသမားတွေကလည်း ပွဲကိုစတင်ဖို့ ပြင်ဆင်ခဲ့ရပါတယ်။

အဲလိဇဘက် ဘုရင်မကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၉၆) နှစ်ရှိနေပြီဖြစ်ပါတယ်။ အာဆင်နယ်ကလည်း ဒီပွဲရဲ့ ပထမပိုင်းမှာ သရေကျနေခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အနိုင်ကစားပြီး ပြိုင်ဘက်ပရိသတ်တွေကို ပါးစပ်ပိတ်စေခဲ့ပါတယ်။

အာဆင်နယ်က ပထမပိုင်းမှာ မာကွင်ဟိုစ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်းပြီးခါနီးမှာ ပင်နယ်တီချေပဂိုးတဂိုး ပြန်ပေးခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ အန်ကီတီယာက အာဆင်နယ်အတွက် အနိုင်ဂိုးသွင်းပေးခဲ့ပြီး ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်မှုကြောင့် ဒီတပတ် ဗြိတိန်ဒေသတွင်းမှာ ကစားမယ့် အားကစားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ အားလုံးကို ရက်ရွှေ့ဆိုင်းသွားမယ်လို့လည်း သိရှိရပြီး ပရီးမီးယားလိဂ်ပွဲစဥ်တွေလည်း ဖျက်သိမ်းသွားမှားမ်း ဖျက်သိမ်းသွေ အားလုံးကို  ရးဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

မန်ချက်စတာက အပြာနဲ့ အဖြူရောင်ဆိုပြီး ယူနိုက်တက်ကို ဆိုစီဒက်နဲ့ ဒေးဗစ်ဆေးလ်ဗား လှောင်ပြောင်

ဒေးဗစ်ဆေးလ်ဗားဟာ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ယူနိုက်တက်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိအောင် ဆိုစီဒက်အသင်းကို အကူအညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးဂန္တ၀င်ကစားသမားဖြစ်သူ ဒေးဗစ်ဆေးလ်ဗားဟာ မန်ချက်စတာကို ပြန်လာချိန်မှာ ဆိုစီဒက်အသင်း အနိုင်ရစေမယ့် အဖိုးတန်သွင်းဂိုးဖြစ်တဲ့ ပင်နယ်တီရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ဒေးဗစ်ဆေးလ်ဗား ရဲ့ ဂိုးဧရိယာအတွင်း