Premier League

မန်စီးတီးကို (၅) မှတ်ဖြတ်နိုင်ခဲ့တဲ့နောက် အသင်းသားတွေကို အာတီတာချီးကျူး

အာဆင်နယ် နည်းပြ အာတီတာက ဝုလ်ဗ်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲအပြီးမှာ အသင်းသားတွေကို ချီးကျူးစကားပြောကြားခဲ့ပါတယ်။ မနေ့ညက အစောပိုင်း ကစားခဲ့တဲ့ပွဲမှာ မန်စီးတီးက ဘရန့်ဖို့ဒ်ကို ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို အာဆင်နယ်ကလည်း နိုင်ပွဲရခဲ့တာကြောင့် အခုလိုမျိုးပဲ အမှတ်ပေးဇယားထိပ်ဆုံးကနေ (၅) မှတ် ဖြတ်နိုင်ခဲ့တာပါ။ ဒီရလဒ်ကြောင့်ပဲ အာဆင်နယ်ဟာ ကမ္ဘာ့ဖလားအပြီး ခရစ္စမတ်ကာလအထိ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နေတော့မှာဖြစ်ပါတယ်။ ဝုလ်ဗ်ကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာတော့ အာတီတာက “ကျနော်တို့ အခုရောက်နေတဲ့ နေရာမျိုးမှာရှိမယ်လို့ ဘယ်သူကမှ မမျှော်လင့်ခဲ့ပါဘူး။ နောက်ပြီး ကျနော်တို့ ရယူနိုင်ခဲ့တဲ့ နိုင်ပွဲအရေအတွက်နဲ့ ပတ်သက်လို့ရောပေါ့” “ကျနော်တို့ရဲ့ ကစားပုံ၊ ရောက်နေတဲ့နေရာ၊ လေ့ကျင့်ခန်းအစီအစဥ်၊ ပရိသတ်တွေနဲ့ ကျနော်တို့အကြား ဆက်ဆံရေးကိုပဲ ကျနော် ပိုမို အာရုံစိုက်ခဲ့ပါတယ်။ […]

Champion League

ချန်ပီယံလိဂ်ပြုတ် အယ်လီဂရီကို စိတ်ရှည်ဖို့အတွက် အာတီတာနဲ့အာဆင်နယ်ကို အွန်နရီဥပမာပေး

ဂျူဗင်တပ်စ်နဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်း အွန်နရီက ဂျူဗင်တပ်စ်အနေနဲ့ နည်းပြ အယ်လီဂရီကို စိတ်ရှည်ရှည်ထား စောင့်ကြည့်သင့်ကြောင်း အာဆင်နယ်နဲ့ အာတီတာတို့ကို ဥပမာပေး ပြောကြားခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာ လက်ရှိဘောလုံးရာသီ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီး စီးရီးအေမှာလည်း ရလဒ်ပိုင်း မတည်မငြိမ်ဖြစ်နေပါတယ်။ အဆိုပါ စီးရီးအေရဲ့ အစဥ်အလာရှိ အသင်းကြီးဟာ ယူရိုပါလိဂ်ကို ဆင်းကစားရတော့မှာပါ။ အယ်လီဂရီဟာ ရာသီအစောပိုင်း ရလဒ်ဆိုးတွေ ကြုံတွေ့နေရတည်းက ရာထူးက အထုတ်ခံရဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ် ဥက္ကဌ အဂ္ဂါနယ်လီ၊ ဒုတိယ ဥက္ကဌ နက်ဗက်တို့က အယ်လီဂရီဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတာက ဂျူဗင်တပ်စ် တာဝန်ရှိသူတွေအတွက် လက်ခံဖို့ ခက်ခဲခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အွန်နရီက […]

Premier League

စပါးနဲ့ပွဲမှာ ပြဿနာမရှာဖို့ ချာကာကို ဒေးဗစ်ဆီးမင်းသတိပေး

အာဆင်နယ်နဲ့ အင်္ဂလန် ဂန္တဝင်ဂိုးသမားဟောင်းကြီး ဒေးဗစ်ဆီးမင်းက ဒီကနေ့ည မြောက်လန်ဒန်ဒါဘီပွဲမှာ ချာကာအနေနဲ့ ပြဿနာမတက်အောင် ကစားဖို့ သတိပေးတိုက်တွန်းလိုက်ပါတယ်။ အာဆင်နယ်က စပါးကို အိမ်ကွင်း အမ်းမရိတ်စ်မှာ လက်ခံကစားရမှာပါ။ ဒီပွဲက အာဆင်နယ်အတွက် ကြီးမားတဲ့ စမ်းသပ်မှုတခုဖြစ်လာပါလိမ့်မယ်။ အာဆင်နယ်ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ အသင်းတသင်းလည်းဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ အသင်းကြီးဖြစ်တဲ့ ယူနိုက်တက်နဲ့ ထိပ်တိုက်တွေ့ချိန်မှာ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အခု နောက်ထပ်အသင်းကြီးဖြစ်တဲ့ စပါးနဲ့ ထိပ်တိုက်တွေ့ချိန်မှာ အာဆင်နယ်တို့ ရလဒ်ကောင်းရရှိဖို့ လိုအပ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ် ကွင်းလယ်က ချာကာလည်း သေချာပေါက် ပွဲထွက်ကစားမှာပါ။ ချာကာဟာ ဒီရာသီမှာ အာဆင်နယ်အတွက် အကောင်းဆုံးခြေစွမ်းပြနေတဲ့ ကစားသမားတွေထဲက တယောက်လည်းဖြစ်ပါတယ်။ ချာကာဟာ အရင်က အလွယ်တကူ […]

Premier League

ဒီရာသီမှာ အာဆင်နယ်တို့ ပရီးမီးယားလိဂ်ရဖို့ အခြေအနေကောင်းတယ်လို့ ဝင်းဂါးပြော

အာဆင်နယ်ရဲ့ဂန္တဝင်နည်းပြဟောင်းကြီး အာစင်ဝင်းဂါးက သူ့အသင်းဟောင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးဖို့ အခွင့်အရေးကောင်းတွေကို ပိုင်ဆိုင်ထားတယ်လို့ ပြောကြားလာပါတယ်။ အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ တပွဲတည်းရှုံးနိမ့်ထားပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားတာပါ။ ယူနိုက်တက်ကို အဝေးကွင်းမှာ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲတပွဲကသာ အာဆင်နယ်အတွက် ဒီရာသီမှာ တပွဲတည်းသော ပရီးမီးယားလိဂ်ရှုံးပွဲဖြစ်ခဲ့ပါတယ်။ ကျန်တဲ့ ပွဲစဥ် (၆) ပွဲမှာတော့ အာဆင်နယ်တို့ အနိင်ရရှိထားပြီး မန်စီးတီးကိုပါ ကျော်ဖြတ်ပြီး ဇယားထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အာစင်ဝင်းဂါးက “အာဆင်နယ်က ဒီရာသီမှာ အခွင့်အရေးကောင်းတွေကို ပိုင်ဆိုင်ထားတယ်လို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလောက်အထိ လွှမ်းမိုးနိုင်တဲ့အသင်းမတွေ့လို့ပါ။ ဒီရာသီကလည်း နည်းနည်းထူးခြားပါတယ်” “ဘာကြောင့်လဲဆိုတော့ ရာသီအလယ်မှာ ကမ္ဘာ့ဖလားရှိနေပြီး ဒီပြိုင်ပွဲက ကလပ်အသင်းတွေနဲ့ ကစားသမားတယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်အပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိမလဲ […]

Premier League

အာဆင်နယ်ကိုဝယ်ယူဖို့ နီးစပ်ခဲ့သေးတဲ့ ချဲလ်ဆီးပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ်

ချဲလ်ဆီးအသင်းပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ်ဟာ ပြီးခဲ့တဲ့ (၂၀၀၃) မှာ အာဆင်နယ်ကို ဝယ်ယူဖို့ နီးစပ်ခဲ့သေးကြောင်း သိရှိရပါတယ်။ အဆိုပါ ရုရှားသူဌေးဟာ အဲ့ဒီအချိန်မှာ ချဲလ်ဆီးကို မဝယ်ယူရသေးပါဘူး။ ဒါပေမယ့် အာဆင်နယ်ကို ဝယ်ယူဖို့ သူ့ရဲ့ကြိုးစားမှုက အာဆင်နယ်ကို ရောင်းချရန်မဟုတ်ဆိုတဲ့ ငြင်းဆန်မှုကြောင့် အဆုံးသတ်ခဲ့ရပါတယ်။ အေဘရာမိုဗစ်ချ်ဟာ အာဆင်နယ်ကို ဝယ်ယူဖို့အတွက် ဆွစ်ဇာလန်ဘဏ်ဖြစ်တဲ့ UBS ကို ငှားရမ်း ကြိုးစားခဲ့ပါတယ်။ အာဆင်နယ်ဘက်ကတော့ ဒီကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့တဲ့နောက် ရုရှားသူဌေးကြီးက ချဲလ်ဆီးကိုပဲ ပြောင်းလဲဝယ်ယူခဲ့ပါတယ်။ အေဘရာမိုဗစ်ချ် လက်ထက် ချဲလ်ဆီးက ပြည်တွင်းမှာရော၊ ဥရောပမှာပါ ထိပ်တန်းအသင်းတသင်းဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ရနိုင်သမျှ ဆုဖလားအားလုံးကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး အသင်းက လူရိုသေ၊ ရှင်ရိုသေ အသင်းဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်ကတော့ အမေရိကန်သူဌေးတွေဖြစ်တဲ့ ခရွန်ကီတို့ လက်ထဲ ကျရောက်ခဲ့ပြီး […]

Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ နှစ်ဖက်အသင်းကစားသမားတွေက တမိနစ်ငြိမ်သက် အောက်မေ့တဲ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ရှင် ပရိသတ်တွေကတော့ ဒီအပေါ်မှာ လေးစားမှုမထားခဲ့ကြပါဘူး။ ဇူးရစ်ချ် ပရိသတ်တွေဟာ အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်နေချိန်မှာ အော်ဟစ်လှောင်ပြောင်နေခဲ့ကြပါတယ်။ အဆိုပါ ဆွစ်ဇာလန်ကလပ်ရဲ့ ပရိသတ်တွေက စက္ကန့် (၄၀) လောက်အကြာမှာ စတင်အော်ဟစ်လှောင်ပြောင်ခဲ့ကြတာဖြစ်ပြီး ကစားသမားတွေကလည်း ပွဲကိုစတင်ဖို့ ပြင်ဆင်ခဲ့ရပါတယ်။ အဲလိဇဘက် ဘုရင်မကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၉၆) နှစ်ရှိနေပြီဖြစ်ပါတယ်။ အာဆင်နယ်ကလည်း ဒီပွဲရဲ့ ပထမပိုင်းမှာ သရေကျနေခဲ့ပေမယ့် […]

Premier League

တူဟယ်လ် အထုတ်ခံရတဲ့အပေါ် ရှော့ခ်ရမိကြောင်း ယူရိုပါလိဂ်ပွဲမတိုင်ခင် အာတီတာပြော

အာဆင်နယ်နည်းပြ အာတီတာက ချဲလ်ဆီးနည်းပြ တူဟယ်လ် အထုတ်ခံရတဲ့သတင်းအပေါ် အံ့အားသင့်မိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ တူဟယ်လ်ဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ဒိုင်နမိုဇာဂရက်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် အံ့အားသင့်ဖွယ် အထုတ်ခံရတာပါ။ ဒီဖြစ်ရပ်အတွက် ချဲလ်ဆီးပရိသတ်တွေအကြား ဝေဖန်မှုပြင်းထန်နေပြီး ပရီးမီးယားလိဂ် (၆) ပွဲ၊ ချန်ပီယံလိဂ်တပွဲသာ ကစားရသေးချိန်မှာ ချန်ပီယံလိဂ်ယူပေးထားတဲ့ နည်းပြကို ထုတ်ပယ်တာက ပြင်းထန်တဲ့ဆုံးဖြတ်ချက်လို့ မှတ်ချက်ပြုနေပါတယ်။ အာဆင်နယ်ဟာ ဒီကနေ့ညမှာ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် ဇူးရစ်ချ်နဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။ ဒီပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ တူဟယ်လ် အထုတ်ခံရတဲ့အပေါ် အာတီတာက အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ်။ အာတီတာက “အံ့အားသင့်စရာဖြစ်ရပ်ပါ။ ဒီပရော်ဖက်ရှင်နယ်လောကမှာ ဒါမျိုး အထုတ်ခံရတဲ့ လုပ်ဖော်ကိုင်ဖက်တိုင်းအတွက် အမြဲတမ်း ဝမ်းနည်းရပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဒါက ဘယ်လိုမျိုး အလုပ်လုပ်တယ်ဆိုတာကို ကျနော်တို့သိပါတယ်” “ကျနော်တို့ရဲ့ လောက,က […]