Premier League

တူဟယ်လ် အထုတ်ခံရတဲ့အပေါ် ရှော့ခ်ရမိကြောင်း ယူရိုပါလိဂ်ပွဲမတိုင်ခင် အာတီတာပြော

အာဆင်နယ်နည်းပြ အာတီတာက ချဲလ်ဆီးနည်းပြ တူဟယ်လ် အထုတ်ခံရတဲ့သတင်းအပေါ် အံ့အားသင့်မိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ တူဟယ်လ်ဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ဒိုင်နမိုဇာဂရက်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် အံ့အားသင့်ဖွယ် အထုတ်ခံရတာပါ။

ဒီဖြစ်ရပ်အတွက် ချဲလ်ဆီးပရိသတ်တွေအကြား ဝေဖန်မှုပြင်းထန်နေပြီး ပရီးမီးယားလိဂ် (၆) ပွဲ၊ ချန်ပီယံလိဂ်တပွဲသာ ကစားရသေးချိန်မှာ ချန်ပီယံလိဂ်ယူပေးထားတဲ့ နည်းပြကို ထုတ်ပယ်တာက ပြင်းထန်တဲ့ဆုံးဖြတ်ချက်လို့ မှတ်ချက်ပြုနေပါတယ်။

အာဆင်နယ်ဟာ ဒီကနေ့ညမှာ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် ဇူးရစ်ချ်နဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။ ဒီပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ တူဟယ်လ် အထုတ်ခံရတဲ့အပေါ် အာတီတာက အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ်။

အာတီတာက “အံ့အားသင့်စရာဖြစ်ရပ်ပါ။ ဒီပရော်ဖက်ရှင်နယ်လောကမှာ ဒါမျိုး အထုတ်ခံရတဲ့ လုပ်ဖော်ကိုင်ဖက်တိုင်းအတွက် အမြဲတမ်း ဝမ်းနည်းရပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဒါက ဘယ်လိုမျိုး အလုပ်လုပ်တယ်ဆိုတာကို ကျနော်တို့သိပါတယ်”

“ကျနော်တို့ရဲ့ လောက,က ဒီလိုဆိုတာကို သတိထားမိစေပြီး ဘာမဆိုဖြစ်သွားနိုင်တဲ့ရာခိုင်နှုန်းက များပါတယ်။ ဒီအတွက်လည်း ကျနော်တို့ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ အလုပ်အပေါ် ပျော်ရွှင်ဖို့ လိုအပ်ပါတယ်”

“တရက်ပြီးတရက်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဘယ်အချိန်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ မသိလို့လေ” လို့ ပြောကြားသွားခဲ့ပါတယ်။ အာတီတာရဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့အသင်းပါ။

ဒါပေမယ့် ပြီးခဲ့တဲ့အပတ်ကတော့ ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ အရေးနိမ့်ခဲ့ပြီး ရာနှုန်းပြည့် နိုင်ပွဲဆက်စံချိန် ရပ်တန့်သွားခဲ့ပါတယ်။ ယူရိုပါလိဂ်မှာရော အာဆင်နယ်တို့ ဘယ်လိုရလဒ်နဲ့ စဖွင့်မလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ