Premier League

အာဆင်နယ်ကိုဝယ်ယူဖို့ နီးစပ်ခဲ့သေးတဲ့ ချဲလ်ဆီးပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ်

ချဲလ်ဆီးအသင်းပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ်ဟာ ပြီးခဲ့တဲ့ (၂၀၀၃) မှာ အာဆင်နယ်ကို ဝယ်ယူဖို့ နီးစပ်ခဲ့သေးကြောင်း သိရှိရပါတယ်။ အဆိုပါ ရုရှားသူဌေးဟာ အဲ့ဒီအချိန်မှာ ချဲလ်ဆီးကို မဝယ်ယူရသေးပါဘူး။

ဒါပေမယ့် အာဆင်နယ်ကို ဝယ်ယူဖို့ သူ့ရဲ့ကြိုးစားမှုက အာဆင်နယ်ကို ရောင်းချရန်မဟုတ်ဆိုတဲ့ ငြင်းဆန်မှုကြောင့် အဆုံးသတ်ခဲ့ရပါတယ်။ အေဘရာမိုဗစ်ချ်ဟာ အာဆင်နယ်ကို ဝယ်ယူဖို့အတွက် ဆွစ်ဇာလန်ဘဏ်ဖြစ်တဲ့ UBS ကို ငှားရမ်း ကြိုးစားခဲ့ပါတယ်။

အာဆင်နယ်ဘက်ကတော့ ဒီကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့တဲ့နောက် ရုရှားသူဌေးကြီးက ချဲလ်ဆီးကိုပဲ ပြောင်းလဲဝယ်ယူခဲ့ပါတယ်။ အေဘရာမိုဗစ်ချ် လက်ထက် ချဲလ်ဆီးက ပြည်တွင်းမှာရော၊ ဥရောပမှာပါ ထိပ်တန်းအသင်းတသင်းဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ရနိုင်သမျှ ဆုဖလားအားလုံးကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး အသင်းက လူရိုသေ၊ ရှင်ရိုသေ အသင်းဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်ကတော့ အမေရိကန်သူဌေးတွေဖြစ်တဲ့ ခရွန်ကီတို့ လက်ထဲ ကျရောက်ခဲ့ပြီး အသင်းက စီးပွားရေးကိုသာ ရှေးရှုတဲ့ အသင်းဖြစ်သွားခဲ့ပါတယ်။

ဥရောပအောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့ပြီး ပြည်တွင်းမှာပါ ဆုတ်ယုတ်ကျဆင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အာဆင်နယ် အကြီးအကဲ ဒေးဗစ်ဒိန်းကတော့ အဲ့ဒီအချိန်ကသာ အေဘရာမိုဗစ်ချ်အနေနဲ့ အာဆင်နယ်အတွက် နောက်ထပ် ဖိဖိစီးစီး ကြိုးစားခဲ့မယ်ဆိုရင် အာဆင်နယ်ကို ဝယ်ယူနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

အေဘရာမိုဗစ်ချ်ဟာ လန်ဒန်မြို့ခံအသင်းတွေထဲက နောက်ထပ်အသင်းတသင်းဖြစ်တဲ့ စပါးကို ဝယ်ယူဖို့လည်း စကားပြောဆိုမှုတွေရှိခဲ့သေးကြောင်း သိရှိရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဒီပုဂ္ဂိုလ်ကြီးက ချဲလ်ဆီးကိုသာ ဝယ်ယူဖြစ်ခဲ့တာပါ။

ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့နောက်မှာတော့ အေဘရာမိုဗစ်ချ်အနေနဲ့ ဗြိတိန်အစိုးရရဲ့ ပိတ်ဆို့ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါတွေက ချဲလ်ဆီးကိုပါ ထိခိုက်စေလာတာကြောင့် နောက်ဆုံးမှာတော့ အမေရိကန်သူဌေး တော့ဒ်ဘိုလေ လက်ထဲ ရောင်းချခဲ့ရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ