Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ နှစ်ဖက်အသင်းကစားသမားတွေက တမိနစ်ငြိမ်သက် အောက်မေ့တဲ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ရှင် ပရိသတ်တွေကတော့ ဒီအပေါ်မှာ လေးစားမှုမထားခဲ့ကြပါဘူး။ ဇူးရစ်ချ် ပရိသတ်တွေဟာ အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်နေချိန်မှာ အော်ဟစ်လှောင်ပြောင်နေခဲ့ကြပါတယ်။ အဆိုပါ ဆွစ်ဇာလန်ကလပ်ရဲ့ ပရိသတ်တွေက စက္ကန့် (၄၀) လောက်အကြာမှာ စတင်အော်ဟစ်လှောင်ပြောင်ခဲ့ကြတာဖြစ်ပြီး ကစားသမားတွေကလည်း ပွဲကိုစတင်ဖို့ ပြင်ဆင်ခဲ့ရပါတယ်။ အဲလိဇဘက် ဘုရင်မကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၉၆) နှစ်ရှိနေပြီဖြစ်ပါတယ်။ အာဆင်နယ်ကလည်း ဒီပွဲရဲ့ ပထမပိုင်းမှာ သရေကျနေခဲ့ပေမယ့် […]