အာဆင်နယ်အသင်းဟာ နှစ်ပေါင်း ၂၀ ကျော်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ဒီရာသီမှာ ရယူနိုင်ဖို့ပစ်မှတ်ထားနေပြီး တစ်ဖက်မှာလည်း ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေတဲ့ မန်စီးတီးအသင်း အမှတ်လျော့စေဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/GOAL_-_Multiple_Images_-_2_Split_-_Facebook100-1024x576.webp)
အဲ့ဒါကြောင့် အာဆင်နယ်အသင်းပရိသတ်တွေဟာ လာမယ့်ပွဲစဉ်တွေမှာ မန်စီးတီးအသင်းအမှတ်လျော့နိုင်ဖို့ မျှော်လင့်နေကြတာပါ။လာမယ့် ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မှာ မန်စီးတီးအသင်း အမှတ်လျော့နိုင်ဖို့ မျှော်လင့်နေကြပေမယ့် ဖူလ်လ်ဟမ်အသင်းကစားသမားတွေရဲ့လေ့ကျင့်ရေးကွင်းမှာ လုပ်နေတဲ့ အရာတွေကြောင် အာဆင်နယ်အသင်း ပရိသတ်တွေကို စိတ်ပျက်စေခဲ့တာဖြစ်ပါတယ်။
ဖူလ်ဟမ်အသင်းရဲ့ဘရာဇီးလ်ကစားသမားတွေဖြစ်တဲ့ မူနစ်ဇ်၊ဝီလျံနဲ့ ပါရဲရားတို့ဟာ လေ့ကျင့်ရေးကွင်းမှာ စွန်လွှတ်ပြိုင်နေကြတာကို ရာအူးလ်ဂျီမီနက်ဇ်က သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့တာပါ။အာဆင်နယ်အသင်းပရိသတ်တွေဟာ ဒီဗီဒီယိုကို မြင်တွေ့ခဲ့ပြီးနောက် သူတို့ရဲ့စိတ်ပျက်မှုတွေကို ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။
I don’t think there’s a bigger sign of a team being on the beach when our players are flying kites in training 😭😭😭😭 pic.twitter.com/t0k5zTJ80a
— SG_FFC🖤🤍🇵🇹 (@SG__FFC) May 7, 2024
ပရိသတ်တစ်ဦးက “ကျနော်တို့က ဖူလ်ဟမ်က မန်စီးတီးကို အနိုင်ရဖို့ မျှော်လင့်ခဲ့ကြပေမယ့် သူတို့ကတော့ လေ့ကျင့်ရေးကွင်းမှာ စွန်လွှတ်နေကြပါတယ်”လို့ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးက “မန်စီးတီးနဲ့ပွဲမှာ ဖူလ်ဟမ်ရမှတ်ရယူနိုင်ရင် သူတို့ကို စွန်ဝယ်ပေးမယ်”လို့ ရေးသားခဲ့ပြီး နောက်ပရိသတ်တစ်ဦးက သူတို့ရဲ့မျှော်လင့်ချက်တွေ အဆုံးသတ်ပါပြီလို့ ရေးသားခဲ့ကြတာဖြစ်ပါတယ်။