Champion League

မာရက်ဇ်ကို ပင်နယ်တီထပ်ကန်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဂွါဒီယိုလာ အတည်ပြု

မန်စီးတီးနည်းပြ ဂွါဒီယိုလာက လာမယ့်ပွဲတွေမှာ အသင်းရဲ့ ပင်နယ်တီတာဝန်ကို မာရက်ဇ် ဆက်လက်တာဝန်ယူခွင့်ရမှာ မဟုတ်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ဒေါ့မွန်နဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ မန်စီးတီးတို့ ပင်နယ်တီရရှိခဲ့ပြီး ဒီပင်နယ်တီကို မာရက်ဇ်က ဝင်အောင် ကန်သွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါဟာ မာရက်ဇ်အတွက်တော့ ချန်ပီယံလိဂ်နောက်ဆုံးနှစ်ပွဲဆက်တိုက် ပင်နယ်တီ မဝင်ခဲ့တာဖြစ်ပါတယ်။ ကိုပင်ဟေဂင်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲမှာလည်း မန်စီးတီးတို့ ပင်နယ်တီရခဲ့ပေမယ့် ဒီပင်နယ်တီကို မာရက်ဇ်ကပဲ ဂိုးဝင်အောင် မကန်သွင်းနိုင်ခဲ့တာပါ။ ဟာလန်း ကွင်းထဲမှာရှိနေပေမယ့် မာရက်ဇ်ကို ပင်နယ်တီပေးကန်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေလည်းရှိနေပါတယ်။ ပြီးခဲ့တဲ့ စနေညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ မန်စီးတီးတို့ ပင်နယ်တီရခဲ့ချိန်က ဟာလန်းက ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာကလည်း “ပင်နယ်တီကန်ဖို့ ရဲရင့်ပြီး စိတ်အားထက်သန်တဲ့သူတွေကို ကျနော် လေးစားပါတယ်။ […]

Premier League

ဘာလိုတယ်လီကို ဘယ်လောက်တောင် ယုံကြည်လဲဆိုတာ ဟာလန်းဖွင့်ဟ

မန်စီးတီးတိုက်စစ်မှူးဟာလန်းက ပင်နယ်တီကန်သွင်းဖို့အတွက် သူ့ကိုယ်သူ အယုံကြည်ဆုံးဖြစ်ကြောင်း၊ သူမှမဟုတ်ရင်တော့ မန်စီးတီးတိုက်စစ်မှူးဟောင်း မာရီယိုဘာလိုတယ်လီကို အယုံကြည်ဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဘာလိုတယ်လီဟာ မန်စီးတီးနဲ့အတူ သမိုင်းဝင် ပရီးမီးယားလိဂ်အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားပါ။ မန်စီးတီးရဲ့ ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ကျူပီအာဘက်ကို အဂွေရို သွင်းယူခဲ့တဲ့ ဂိုးကို ဘာလိုတယ်လီက ဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် ဒီဂိုးဖန်တီးမှုဟာ ဘာလိုတယ်လီရဲ့ ကစားသမားဘဝတလျှောက် တကြိမ်တည်းသော ဂိုးဖန်တီးမှုအဖြစ်လည်း ပြောစမှတ်တွင်ပါတယ်။ ဘာလိုတယ်လီဟာ ပင်နယ်တီကန်တဲ့နေရာမှာလည်း တိကျသေချာတဲ့ ကစားသမားတယောက်ပါ။ ဒါပေမယ့် သူက ကွင်းတွင်း၊ ကွင်းပြင် စည်းကမ်းပိုင်းဆိုးရွားတဲ့ ကစားသမားဖြစ်ခဲ့ပြီး အရည်အချင်းရှိသလောက် မအောင်မြင်ခဲ့တဲ့ ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာလည်း သူက ဆီယွန်အသင်းမှာသာ ကစားနေပါတယ်။ ပင်နယ်တီကန်ဖို့အတွက် ဘယ်သူ့ကို ရွေးချယ်မလဲဆိုတဲ့ မေးခွန်းအတွက် ဟာလန်းက “ကျနော့်ကို […]

Champion League

သရေပွဲအတွက် အသင်းကြယ်ပွင့်ကို ပီအက်စ်ဂျီပရိသတ်တွေ အပြင်းအထန်ဝေဖန်

ပီအက်စ်ဂျီပရိသတ်တွေဟာ ဘင်ဖီကာကို အိမ်ကွင်းမှာ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲအပြီး အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ဗာရက်တီကို အပြင်းအထန်ဝေဖန်နေကြပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီက အမ်ဘာပေရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ပြိုင်ဘက် ကစားသမား မာရီယိုရဲ့ ပင်နယ်တီဂိုးကို ပြန်လည်ခွင့်ပြုလိုက်ရတာကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ပင်နယ်တီပြန်ပေးလိုက်ရတဲ့ဖြစ်ရပ်မှာ ဗာရက်တီရဲ့ ပေါ့တီးပေါ့ဆနဲ့ ကသောင်းကနင်းလုပ်ရပ်ကြောင့် ပေးလိုက်ရတာဖြစ်ပြီး ပရိသတ်တွေက ဗာရက်တီရဲ့ အမှားကို ဝေဖန်ပြောဆိုနေကြပါတယ်။ ပရိသတ်တွေက “ဗာရက်တီက ချန်ပီယံလိဂ်ပွဲတွေမှာဆိုရင် အမြဲတမ်း ဒုက္ခရောက်နေတယ်” လို့ ဝေဖန်နေကြပြီး နိုင်ပွဲပျောက်ဆုံးခဲ့တဲ့အပေါ် သူတို့ရဲ့ ကြယ်ပွင့်အပေါ် မကျေမနပ်ဖြစ်နေကြတာပါ။ ပီအက်စ်ဂျီဟာ ဒီပွဲရလဒ်ကြောင့် နောက်တဆင့်အတွက် သေချာမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ ဗာရက်တီဟာ ပီအက်စ်ဂျီကွင်းလယ်ရဲ့ အဓိက,ကစားသမားအဖြစ် ကာလရှည်အသုံးတော်ခံခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၃၉၂) […]

Europa League

ရော်နယ်ဒိုကို ဂိုးတွေပိုမိုသွင်းယူဖို့ တွန်းအားပေးလိုက်တဲ့ တန်ဟက်ခ်

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က အသင်းရဲ့တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ ကြံ့ခိုင်မှုသာ အခုထက် ပိုမိုတိုးတက်လာရင် ဂိုးတွေ ပိုမိုသွင်းယူနိုင်မှာဖြစ်ကြောင်း ထောက်ခံ ပြောကြားလိုက်ပါတယ်။ မနေ့က ရှရစ်ဖ်ကို အနိုင်ရတဲ့ပွဲမှာ ရော်နယ်ဒိုက ယူနိုက်တက်အတွက် တဂိုးကို ပင်နယ်တီကတဆင့် သွင်းယူပေးခဲ့ပါတယ်။ ဒါဟာ ရော်နယ်ဒိုအတွက် ဒီရာသီ ပထမဆုံးသွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်မှာ တပွဲတည်းသာ ပွဲထွက်ခွင့်ရရှိထားပါတယ်။ ဒါပေမယ့် ယူရိုပါလိဂ် အုပ်စုနှစ်ပွဲလုံးမှာတော့ ပွဲထွက်ခွင့်ရရှိထားပါတယ်။ တန်ဟက်ခ်ကတော့ ရော်နယ်ဒိုကို အရံခုံထိုင်ခိုင်းတဲ့အပေါ် ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီးတော့သာ အကြောင်းပြချက်ပေးခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ရဲ့ ရာသီကြိုပြင်ဆင်မှုတခုလုံးကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ ရှရစ်ဖ်နဲ့ပွဲအပြီးမှာ တန်ဟက်ခ်က “ရော်နယ်ဒိုက သူ့ရဲ့ ကြံ့ခိုင်မှုအနေအထားကို ပြန်ရဖို့ တကယ် နီးစပ်နေပါပြီ။ သူသာ ကြံ့ခိုင်မှုပြည့်ဝလာရင် ဂိုးတွေ ပိုသွင်းနိုင်မှာပါ။ သူက အသင်းရဲ့ စီမံကိန်းအပေါ် […]

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်က ဒေးဗစ်ဆေးလ်ဗားရဲ့ ကန်ချက်ကို တားဆီးတဲ့နေရာမှာ လက်နဲ့ထိခဲ့တယ်ဆိုပြီး အီတလီကွင်းလယ်ဒိုင် မာကိုဒီဘယ်လိုက မာတီနက်ဇ်ကိုပါ အဝါကတ်ပြသခဲ့တာပါ။ ဒါ့အပြင် VAR နဲ့ ပြန်လည်စစ်ဆေးတာမျိုးမရှိဘဲ ပင်နယ်တီပေးခဲ့ပါတယ်။ တကယ့် အနှေးပြကွက်တွေမှာတော့ ဒေးဗစ်ဆေးလ်ဗားရဲ့ ကန်ချက်က မာတီနက်ဇ်ရဲ့ ခြေထောက်နဲ့ ထိပြီးမှသာ လက်မောင်းနဲ့ မတော်တဆ ထိမိခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဒီဆုံးဖြတ်ချက်အပေါ် ပေါက်ကွဲနေပြီး မာတီနက်ဇ်အနေနဲ့ လက်မောင်းရှိနေလို့သာ ဒီလိုမျိုး ပင်နယ်တီပေးခံရတာလို့လည်း လှောင်ပြောင်မှတ်ချက်ပြုနေကြပါတယ်။ ပရိသတ်တွေက “ဒါက ဘယ်လိုဖြစ်လို့ […]