Laliga

စူပါလိဂ်ကိစ္စအတွက် ရီးရဲလ်ဥက္ကဌ ပီရက်ဇ်ကို ဘာကာနောက်ခံလူဟောင်း ပီကေး လှောင်ပြောင်

ကစားသမားဘဝကနေ အနားယူသွားပြီဖြစ်တဲ့ ဘာစီလိုနာနောက်ခံလူဟောင်း ပီကေးက စူပါလိဂ်ပြိုင်ပွဲကို စီစဥ်နေတဲ့ ရီးရဲလ်မက်ဒရစ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်ကို ဝေဖန်ပြောကြားလိုက်ပါတယ်။ ပီရက်ဇ်အပါအဝင် နာမည်ကျော်အသင်းတွေရဲ့ ဥက္ကဌ အများစုဟာ ဝင်ငွေတိုးတက်လာဖို့နဲ့ ပရိသတ်တွေကို ပိုမိုဆွဲဆောင်နိုင်ဖို့အတွက် စူပါလိဂ်ကို အစပြုဖို့ ဆန္ဒပြင်းပြနေကြတာပါ။ ပြီးခဲ့တဲ့နှစ်အတွင်း ဒီအစီအစဥ်က ပျက်စီးတော့မလိုဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ပီရက်ဇ်ဦးဆောင်တဲ့ ထိပ်သီး အသင်းပိုင်ရှင်တွေက ဒီအစီအစဥ်ကို ပြန်လည်အသက်သွင်းဖို့ ပြင်ဆင်နေကြပါတယ်။ ဒါပေမယ့် ဒီလိုမျိုး လုပ်ရပ်အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။ ဘာစီလိုနာနောက်ခံလူ ပီကေးကလည်း “မီလန်မြို့သားတွေက ဘောလုံးပွဲတွေကို ချစ်တာ မှန်ပေမယ့် တပွဲလုံးကြည့်ကြတဲ့လူမျိုး မဟုတ်ပါဘူး။ ပီရက်ဇ်က စူပါလိဂ်အကြောင်းပြောတဲ့အခါ လူတွေက မတူညီတဲ့ အရာတွေနဲ့ တုံ့ပြန်မှာပါ” “ကျနော် ဒါကို သဘောတူပါတယ်။ ဒါပေမယ့် စူပါလိဂ်ကတော့ ဖြေရှင်းနည်းမဖြစ်နိုင်ပါဘူး။ မတူကွဲပြားတဲ့အရာတခုပါ။ စူပါလိဂ်အနေအထားက […]

Europa League

ဘာစီလိုနာကို ရင်ဆိုင်ကျော်ဖြတ်ဖို့ အသင့်ပဲဆိုတဲ့ ယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ်

ယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ်က သူတို့အနေနဲ့ ယူရိုပါလိဂ်ပလေးအော့ဖ်အဆင့်မှာ ထိပ်တိုက်တွေ့နေတဲ့ နာမည်ကြီးကလပ် ဘာစီလိုနာကို ရင်ဆိုင်ကျော်ဖြတ်ဖို့ အဆင်သင့်ဖြစ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။ ဘာစီလိုနာဟာ ချန်ပီယံလိဂ်မှာ အုပ်စု တတိယနေရာသာရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ကို ဆင်းကစားခဲ့ရတာပါ။ ယူနိုက်တက်ကလည်း ယူရိုပါလိဂ်မှာ အုပ်စု ဒုတိယသာရခဲ့တာကြောင့် အခုလိုပဲ ချန်ပီယံလိဂ်က ဆင်းလာတဲ့အသင်းနဲ့ ပွဲကျပ်တပွဲကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့်ပွဲအပေါ် ဖရက်ဒ်က “ဘာစီလိုနာက ထိပ်တန်းအသင်းတသင်းဆိုတာကို ကျနော်တို့ သိထားပြီး ဒီပွဲက မလွယ်ဘူးဆိုတာရယ်၊ ယူရိုပါလိဂ်မှာရှိတဲ့ပွဲတွေက မလွယ်ဘူးဆိုတာရယ်ကို သိထားပြီးသားပါ” “ဘာစီလိုနာနဲ့ ထိပ်တိုက်တွေ့ရတာက ကြီးကျယ်ခမ်းနားတဲ့ ပွဲတပွဲဖြစ်ပြီး အဲ့ဒီပွဲအတွက် ကျနော်တို့ အဆင်သင့်ဖြစ်နေတာ သေချာပါတယ်။ ဒီပွဲအတွက် ကျနော်တို့ ပြင်ဆင်သွားမှာပါ” “နောက်တဆင့်အတွက်လည်း ကျနော်တို့ ကျော်ဖြတ်သွားနိုင်ပါလိမ့်မယ်။ အိုးထရက်ဖို့ဒ်ကွင်းမှာ ကျနော်တို့နောက်က ပရိသတ်တွေက အမြဲတမ်းရှိခဲ့ပါတယ်။ […]

Laliga ပြင်သစ်လီဂူး

မက်ဆီ ပီအက်စ်ဂျီကို ပြောင်းသွားလို့ ဘောလုံးလောကတခုလုံး လွမ်းနေရပြီလို့ တီဘက်စ်ထိုးနှက်

လာလီဂါအဖွဲ့ချုပ်ဥက္ကဌ ဟာဗီယာတီဘက်စ်က မက်ဆီကို လာလီဂါတင်မကဘဲ ဘောလုံးလောကတခုလုံးကပါ လွမ်းဆွတ်နေရကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တီဘက်စ်ဟာ ပြင်သစ်လီဂူးပြိုင်ပွဲကိုပါ ထိုးနှက်ခဲ့သေးတာပါ။ မက်ဆီဟာ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ လက်ရှိအချိန်မှာ မက်ဆီက ပီအက်စ်ဂျီအတွက် ခြေစွမ်းပြနေပြီဆိုပေမယ့် တီဘက်စ်ကတော့ အခုလိုမျိုး ပြောကြားလာတာပါ။ “သူ ပီအက်စ်ဂျီမှာ ဘယ်လောက်အထိဖြစ်နေပြီလဲဆိုတာ အရေးမကြီးဘူးလို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် သူ ဘာစီလိုနာမှာ ရှိခဲ့တုန်းကထက်တော့ စိတ်ဝင်စားခံရမှုမရှိတော့ပါဘူး” “ဘောလုံးလောကကြီးကလည်း မက်ဆီကို လွမ်းဆွတ်နေပါတယ်။ ကျနော်တို့ သူ့အတွက် ကြီးကျယ်ခမ်းနားတဲ့ ကမ္ဘာ့ဖလားဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို ဒီပြိုင်ပွဲမှာ ကျနော်တို့ ပြန်မြင်တွေ့ခွင့်ရမှာလေ” “ပရိသတ်တိုင်းကတော့ ပီအက်စ်ဂျီနဲ့ နန့်တက်စ်ကန်တဲ့ပွဲကို စောင့်ကြည့်နေမှာ မဟုတ်ပါဘူး။ […]

Europa League

အခုချိန်မှာ ယူရိုပါလိဂ်ဆုဖလားအတွက် ဘာစီလိုနာရေပန်းစားပြီလို့ ဇာဗီပြောကြား

ဘာစီလိုနာနည်းပြ ဇာဗီက လက်ရှိအချိန်မှာ သူ့အသင်းက ယူရိုပါလိဂ်ချန်ပီယံဆုကို ဆွတ်ခူးဖို့ ရေပန်းစားနေပြီဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ ချန်ပီယံလိဂ်မှာ အုပ်စုတတိယသာရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ကို ဆင်းကစားရတာပါ။ ပြီးခဲ့တဲ့ရာသီကလည်း ဘာစီလိုနာတို့ ယူရိုပါလိဂ်ကို ဆင်းကစားခဲ့ရပါသေးတယ်။ အဲ့ဒီအချိန်က ကွာတားဖိုင်နယ်မှာ ဖရန့်ဖတ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။ အခု ဒီနှစ်မှာလည်း ဘာစီလိုနာတို့ ယူရိုပါလိဂ်ကို ထပ်ရောက်ခဲ့တာဖြစ်ပြီး ပါလ်ဇန်ကို ၂-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ဇာဗီက အခုလိုပဲ ပြောကြားလာပါတယ်။ ဇာဗီက “အခုချိန်မှာ ကျနော်တို့က ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းလို့ ပြောနိုင်ပါတယ်။ လူတွေက ကျနော်တို့ကို ဘာကြောင့် ရေပန်းစားတဲ့ အသင်းတသင်းအဖြစ် သတ်မှတ်လဲဆိုတာကိုလည်း ကျနော် နားလည်ပါတယ်” “ဒါပေမယ့် ပြီးခဲ့တဲ့ရာသီက ကျနော်တို့ ဒီယူရိုပါလိဂ်ပြိုင်ပွဲမှာတင် ရှုပ်ထွေးမှုတွေနဲ့ […]

Laliga

(၂၀၂၃) မှာ အသင်းကို ဆုဖလားတွေရောက်လာလိမ့်မယ်လို့ ဘာစီလိုနာနည်းပြဇာဗီပြော

ဘာစီလိုနာနည်းပြ ဇာဗီက လာမယ့် (၂၀၂၃) မှာ အသင်းက ဆုဖလားတွေကို ရရှိနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့ လက်ရှိ လာလီဂါအမှတ်ပေးဇယားမှာ ဦးဆောင်သူ ရီးရဲလ်မက်ဒရစ်ရဲ့နောက် တမှတ်အကွာနဲ့ ရပ်တည်နေပါတယ်။ ချန်ပီယံလိဂ်မှာတော့ ဘာစီလိုနာက အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပြီး ယူရိုပါလိဂ်ကို ဆင်းကစားရတော့မှာပါ။ အသင်းရဲ့ အလားအလာနဲ့ ပတ်သက်လို့ ဇာဗီက “ပြီးခဲ့တဲ့နှစ်မှာ ကျနော်တို့ လုံလောက်တဲ့ပုံစံကောင်း မပြသနိုင်ခဲ့ပါဘူး” “ဒါပေမယ့် ဒီနှစ်မှာတော့ ကျနော်တို့ လုံလောက်တဲ့ခြေစွမ်းမျိုးရှိတယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် အရာရာတိုင်းက အခုမှ လုပ်ဆောင်နေဆဲပါ။ ချန်ပီယံလိဂ်မှာလည်း ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကို မရောက်ခဲ့ပါဘူး” “အခုကစလို့ ကျနော်တို့ (၂၀၂၃) မှာ ဆုဖလားတွေရဖို့ အတွက်ပဲ ကစားသွားမှာပါ။ ကျနော်တို့ရဲ့ မျှော်လင့်ချက်ကို ရောက်ရှိဖို့ တိုက်ပွဲဝင်မှာဖြစ်ပြီး ကျနော်တို့ […]

Laliga

ဘာစီလိုနာမှာ ရုန်းကန်ရတဲ့အကြောင်းတွေကို ဘိုင်ယန်လူဟောင်း လီဝန်ဒေါစကီးဖွင့်ဟ

လီဝန်ဒေါစကီးက သူ့အနေနဲ့ ဘာစီလိုနာမှာ ရုန်းကန်နေရတဲ့အကြောင်းတွေကို ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့နွေကမှ ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့တာပါ။ လီဝန်ဒေါစကီးအနေနဲ့ အသင်းအတွက် ပြိုင်ပွဲစုံ (၁၇) ပွဲမှာ (၁၈) ဂိုးသွင်းယူကာ ခြေစွမ်းပြထားပါတယ်။ ဒါပေမယ့် ဘာစီလိုနာကတော့ ချန်ပီယံလိဂ်ကထွက်ခဲ့ရပြီး အသင်းကလည်း ဖိအားတွေအောက် ကျရောက်နေပါတယ်။ အသင်းနဲ့ပတ်သက်လို့ လီဝန်ဒေါစကီးက “ကျနော် ကစားဖို့ အိပ်မက်မက်ခဲ့ရတဲ့အသင်းကို ကျနော် ရောက်ရှိနေတာဖြစ်ပြီး ဒီနေရာကို ရောက်နေတဲ့အတွက်လည်း ကျနော် ဂုဏ်ယူပါတယ်” “အသင်းနဲ့ ပထမဆုံးရာသီမှာ အရာအားလုံး ပြီးပြည့်စုံနေဖို့တော့ ကျနော် မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမယ့် အခုချိန်က အချိန်နဲ့ စိတ်ရှည်သည်းခံဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ ချန်ပီယံလိဂ်က ထွက်ပြီး ယူရိုပါလိဂ်ကို ရောက်ရှိသွားခဲ့ပေမယ့် လာလီဂါမှာတော့ […]

Laliga

ချန်ပီယံလိဂ်ကထွက်ရတဲ့အကျိုးဆက် ခံစားရမှာကို ပူပန်ခဲ့ကြောင်း ဇာဗီဝန်ခံ

ဘာစီလိုနာနည်းပြ ဇာဗီက သူ့အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ အကျိုးဆက်ကို ခံစားရမှာ စိုးရိမ်ခဲ့မိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ ကြားရက် ချန်ပီယံလိဂ် အုပ်စု ပွဲစဥ် (၅) ကစားပြီးချိန်မှာ ယူရိုပါလိဂ်ကို ဆင်းကစားဖို့ သေချာသွားခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့ ဒီလိုအခြေအနေမျိုးကို နှစ်ရာသီဆက်တိုက် ကြုံတွေ့ခဲ့ရတာပါ။ မနေ့က ကစားခဲ့တဲ့ပွဲမှာလည်း ဘာစီလိုနာတို့ ဗလင်စီယာကို အနိုင်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။ လီဝန်ဒေါစကီးရဲ့ နောက်ကျသွင်းဂိုးကြောင့်သာ ဘာစီလိုနာတို့ အဝေးကွင်းမှာ နိုင်ပွဲရရှိခဲ့တာပါ။ ဒီပွဲအပြီးမှာ ဇာဗီက “ကျနော်တို့ အရမ်းကို အရေးပါတဲ့ နိုင်ပွဲဖြစ်ခဲ့ပါတယ်။ နောက်ဆုံးစက္ကန့်အထိ ကျနော်တို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မပျက်ခဲ့ပါဘူး။ ကျနော် စိုးရိမ်စိတ်တွေနဲ့ ကစားခဲ့ရတာပါ” “ချန်ပီယံလိဂ်က ထွက်ခဲ့ရတာဟာ ကျနော်တို့ကို ဆိုးကျိုးသက်ရောက်စေခဲ့ပါတယ်။ ဗလင်စီယာကို […]

Champion League

ဘာစီလိုနာက ချန်ပီယံလိဂ်မှာ ပြိုင်ဆိုင်နိုင်စွမ်းမရှိဘူးလို့ ပီဒရီဝန်ခံ

ဘာစီလိုနာ ကွင်းလယ် ကြယ်ပွင့် ကစားသမားလေး ပီဒရီက အသင်းအနေနဲ့ ပြီးခဲ့တဲ့နွေရာသီမှာ ထိပ်တန်းအဆင့် ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ခဲ့ပေမယ့် တိုးတက်ဖို့ လိုအပ်နေဆဲဖြစ်ကြောင်း၊ ချန်ပီယံလိဂ်မှာ ယှဥ်ပြိုင်နိုင်စွမ်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ မနေ့ညက ချန်ပီယံလိဂ် အုပ်စုပွဲစဥ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ခဲ့ရပြီး သူတို့အတွက် (၃) ပွဲမြောက် ရှုံးပွဲကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့အပြင် ဒီပွဲမတိုင်ခင်မှာတည်းက အင်တာမီလန်တို့ ဗစ်တိုးရီးယားပါလ်ဇန်ကို အနိုင်ရခဲ့တာကြောင့် ဘာစီလိုနာတို့ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ပြီး ယူရိုပါလိဂ်မှာ သွားကစားဖို့ သေချာနေခဲ့တာပါ။ ဒီလိုမျိုး ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ရတာ သေချာခဲ့တဲ့နောက် ပီဒရီက “ကျနော်တို့ ဘာစီလိုနာအတွက် ကျရှုံးမှုပါပဲ။ ချန်ပီယံလိဂ်မှာ နောက်တဆင့်မတက်ဘဲ ထွက်ခဲ့ရတာက ကျနော်တို့ ဒီပြိုင်ပွဲမှာ ဆက်ရှိဖို့ မထိုက်တန်လို့ပါ” “ကျနော်တို့က တိုးတက်ဖို့ […]

Champion League

ဘိုင်ယန်မြူးနစ်ကို မယှဥ်နိုင်ပါဘူးဗျာလို့ ဝန်ခံလာရတဲ့ ဘာစီလိုနာနည်းပြ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက သူ့အသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်လို အသင်းမျိုးကို မယှဥ်နိုင်ခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ မနေ့က နူးကမ့်မှာ ကစားခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်က ဘာစီလိုနာကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘာစီလိုနာဟာ အဆိုပွဲမကစားခင်တည်းက အင်တာမီလန်ရဲ့နိုင်ပွဲကြောင့် ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီးပါပြီ။ ဒါ့အပြင် နှစ်နှစ်ဆက်တိုက် ယူရိုပါလိဂ်ကို ဆင်းကစားရတော့မှာပါ။ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ မာနေး၊ ချူပိုမိုတင်း၊ ပါဗက်တို့ရဲ့သွင်းဂိုးတွေကြောင့် ဘာစီလိုနာတို့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ ဇာဗီက “ကျနော်တို့ ဘိုင်ယန်မြူးနစ်လို အဆင့်အတန်းမျိုးမှာ မရှိပါဘူး” “သူတို့က ပိုကောင်းတဲ့အသင်းတသင်းဖြစ်ခဲ့ပါတယ်။ မြူးနစ်မြို့မှာ ကစားတုန်းကတော့ ကျနော်တို့က ပိုကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ ဘိုင်ယန်မြူးနစ်က ပိုကောင်းခဲ့ပါတယ်” “အုပ်စုကနေ ထွက်ရတာက ကျနော်တို့ကို စိတ်ပိုင်းဆိုင်ရာအရ သက်ရောက်မှုရှိခဲ့ပါတယ်။ နောက်တနေ့ကျရင်တော့ ကျနော်တို့ လေ့ကျင့်ခန်းပြန်ဆင်းပြီး လာလီဂါအတွက်ပဲ စဥ်းစားပါမယ်” […]

Champion League

ချန်ပီယံလိဂ်မှာ နောက်တဆင့်တက်ဖို့ မျှော်လင့်ချက်ရှိသေးကြောင်း ဘာကာကွင်းလယ်လူပြော

ဘာစီလိုနာ ကွင်းလယ်လူ ဖရန့်ကက်ဆီက အသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်ဖို့ မျှော်လင့်ချက်ရှိသေးကြောင်း၊ မဖြစ်နိုင်တာ ဘာမှမရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာ အင်တာမီလန်ကို အိမ်ကွင်းမှာ သုံးဂိုးစီ သရေသာ ကစားနိုင်ခဲ့တဲ့နောက် ယူရိုပါလိဂ် ဆင်းကစားရဖို့ သေချာသလောက်ရှိသွားပါတယ်။ လက်ကျန်ပွဲတွေမှာ ဘာစီလိုနာက ဘိုင်ယန်မြူးနစ်၊ ဗစ်တိုးရီးယားပါလ်ဇန်တို့ကို မဖြစ်မနေ အနိုင်ရရှိဖို့ လိုအပ်ပြီး အင်တာမီလန် အမှတ်လျော့တာကိုလည်း စောင့်ဆိုင်းရမှာပါ။ အင်တာမီလန်ကတော့ လက်ကျန်ပွဲမှာ တပွဲနိုင်ရုံနဲ့ ဘိုင်ယန်မြူးနစ်နဲ့အတူ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ကက်ဆီကတော့ ဘာစီလိုနာနဲ့အတူ ယုံကြည်ချက်ရှိနေပါတယ်။ ကက်ဆီက “ချန်ပီယံလိဂ်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်လို့ ကျနော်တို့ စိတ်ပျက်ခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့က […]