Europa League

ဘာစီလိုနာကို ရင်ဆိုင်ကျော်ဖြတ်ဖို့ အသင့်ပဲဆိုတဲ့ ယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ်

ယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ်က သူတို့အနေနဲ့ ယူရိုပါလိဂ်ပလေးအော့ဖ်အဆင့်မှာ ထိပ်တိုက်တွေ့နေတဲ့ နာမည်ကြီးကလပ် ဘာစီလိုနာကို ရင်ဆိုင်ကျော်ဖြတ်ဖို့ အဆင်သင့်ဖြစ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။

ဘာစီလိုနာဟာ ချန်ပီယံလိဂ်မှာ အုပ်စု တတိယနေရာသာရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ကို ဆင်းကစားခဲ့ရတာပါ။ ယူနိုက်တက်ကလည်း ယူရိုပါလိဂ်မှာ အုပ်စု ဒုတိယသာရခဲ့တာကြောင့် အခုလိုပဲ ချန်ပီယံလိဂ်က ဆင်းလာတဲ့အသင်းနဲ့ ပွဲကျပ်တပွဲကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့်ပွဲအပေါ် ဖရက်ဒ်က “ဘာစီလိုနာက ထိပ်တန်းအသင်းတသင်းဆိုတာကို ကျနော်တို့ သိထားပြီး ဒီပွဲက မလွယ်ဘူးဆိုတာရယ်၊ ယူရိုပါလိဂ်မှာရှိတဲ့ပွဲတွေက မလွယ်ဘူးဆိုတာရယ်ကို သိထားပြီးသားပါ”

“ဘာစီလိုနာနဲ့ ထိပ်တိုက်တွေ့ရတာက ကြီးကျယ်ခမ်းနားတဲ့ ပွဲတပွဲဖြစ်ပြီး အဲ့ဒီပွဲအတွက် ကျနော်တို့ အဆင်သင့်ဖြစ်နေတာ သေချာပါတယ်။ ဒီပွဲအတွက် ကျနော်တို့ ပြင်ဆင်သွားမှာပါ”

“နောက်တဆင့်အတွက်လည်း ကျနော်တို့ ကျော်ဖြတ်သွားနိုင်ပါလိမ့်မယ်။ အိုးထရက်ဖို့ဒ်ကွင်းမှာ ကျနော်တို့နောက်က ပရိသတ်တွေက အမြဲတမ်းရှိခဲ့ပါတယ်။ နောက်ပိုင်း ရာသီအနည်းငယ်အတွင်း ကျနော်တို့ ပုံစံကောင်းမပြခဲ့ပါဘူး”

“ဒါပေမယ့် ပရိသတ်တွေက ကျနော်တို့နောက်မှာ အမြဲတမ်းရှိခဲ့ပြီး အားပေးခဲ့ကြပါတယ်။ ဘာစီလိုနာနဲ့ပွဲမှာလည်း သူတို့ ကျနော်တို့ကို သေချာပေါက် အားပေးကြဦးမှာပါ”

“အနိုင်ရဖို့အတွက် လိုအပ်တဲ့ ခွန်အားတွေလည်း ပေးစွမ်းကြမှာဖြစ်တာကြောင့် ကျနော်တို့ ပရိသတ်တွေရဲ့ရှေ့မှာ ကစားပြီး ရလဒ်ကောင်းရယူနိုင်ဖို့ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ