World Cup 2022

ကမ္ဘာ့ဖလားချန်ပီယံဆုကို အာဂျင်တီးနားရမယ်လို့ EA Sports ခန့်မှန်း

EA Sports ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဘယ်အသင်းရယူနိုင်မလဲဆိုတာကို လူတွေတွေးနေချိန်မှာ ဒီပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ခန့်မှန်းသွားခဲ့တာဖြစ်ပါတယ်။EA Sports က အာဂျင်တီးနားဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိမယ်လို့ ခန့်မှန်းခဲ့တာပါ။

EA Sports ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုလုံးအတွက် ခန့်မှန်းမှုပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။သူတို့ ဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ခန့်မှန်းတာနဲ့ ပက်သက်ပြီး အထင်ကြီးစရာကောင်းတဲ့ မှတ်တမ်းတွေလည်း ရှိခဲ့တာပါ။

EA Sports က ပြီးခဲ့တဲ့၂၀၁၀ ကမ္ဘာ့ဖလားမှာ စပိန်၊ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဂျာမနီနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းချန်ပီယံဆုရယူနိုင်မယ်လို့ ခန့်မှန်းခဲ့ရာမှာ တိကျမှန်ကန်ခဲ့တာဖြစ်ပါတယ်။EA Sports က အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ တောင်အမေရိကတိုက်တစ်တိုက်ထဲက ဘရာဇီးလ်နဲ့ တွေ့ဆုံမယ်လို့ ခန့်မှန်းခဲ့တာပါ။

ဒီပွဲမှာ အာဂျင်တီးနားက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရကာ ချန်ပီယံဆုကို ရယူမယ်လို့ ခန့်မှန်းခဲ့တာဖြစ်ပါတယ်။ တတိယနေရာကိုတော့ ပြင်သစ်နဲ့ ပေါ်တူဂီတို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပြင်သစ်က ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရမယ်လို့ EA Sports က ခန့်မှန်းခဲ့တာပါ။

နာမည်ကြီး အင်္ဂလန်ကတော့ ၁၆ သင်းအဆင့်မှာ နယ်သာလန်ကို အရေးနိမ့်ပြီး ထွက်ခွာရမယ်လို့ လည်း ခန့်မှန်းချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

မက်ဆီဟာ ဒီပြိုင်ပွဲမှာ ၇ ပွဲကစားပြီး ၈ ဂိုးသွင်းယူကာ ဂိုးသွင်းဘုရင်ဆုနဲ့ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆု ကို ရရှိမယ်လို့လည်း EA Sports က ခန့်မှန်းချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

World Cup 2022

ကမ္ဘာ့ဖလားမှာ အင်္ဂလန် ကွာတားကထွက်ရမယ်လို့ စူပါကွန်ပျူတာ ခန့်မှန်း

စူပါကွန်ပျူတာဟာ လာမယ့် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲမယ့်အသင်းနဲ့ ပတ်သက်လို့ ခန့်မှန်းပေးခဲ့ပြီး အသင်းတွေရဲ့ အုပ်စုတက်ရောက်ပုံ၊ ဘယ်အသင်းနဲ့ တွေ့ဆုံမယ်ဆိုတာကအစ အသေးစိတ် တွက်ချက် ခန့်မှန်းပေးခဲ့ပါတယ်။ ဒီအထဲမှာ နာမည်ကျော် အင်္ဂလန်ကတော့ ကွာတားဖိုင်နယ်ကနေ ထွက်ရမှာဖြစ်ပြီး ဘရာဇီးဗိုလ်စွဲမယ်လို့ ဆိုပါတယ်။
Premier League World Cup 2022

ကမ္ဘာ့ဖလားမကန်ရရင် လက်ရွေးစင်ကနေ အနားယူဖို့ အာနိုးလ်ကို အဘွန်လဟော်တိုက်တွန်း

ပရီးမီးယားလိဂ်ရဲ့ ဝါရင့်တိုက်စစ်မှူးဟောင်းကြီး ဂါဘရီရယ်အဘွန်လဟော်က နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပိုင်း ကျဆင်းနေတဲ့ လီဗာပူးနဲ့ အင်္ဂလန်နောက်ခံလူ အာနိုးလ်နဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အာနိုးလ်ဟာ ဒီရာသီမှာ ခြေစွမ်းပိုင်းကျဆင်းနေတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် အင်္ဂလန်မှာလည်း သူ့ရဲ့နေရာက မသေချာတော့ဘဲ