Europa League

ဘာစီလိုနာကို ရင်ဆိုင်ကျော်ဖြတ်ဖို့ အသင့်ပဲဆိုတဲ့ ယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ်

ယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ်က သူတို့အနေနဲ့ ယူရိုပါလိဂ်ပလေးအော့ဖ်အဆင့်မှာ ထိပ်တိုက်တွေ့နေတဲ့ နာမည်ကြီးကလပ် ဘာစီလိုနာကို ရင်ဆိုင်ကျော်ဖြတ်ဖို့ အဆင်သင့်ဖြစ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။ ဘာစီလိုနာဟာ ချန်ပီယံလိဂ်မှာ အုပ်စု တတိယနေရာသာရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ကို ဆင်းကစားခဲ့ရတာပါ။ ယူနိုက်တက်ကလည်း ယူရိုပါလိဂ်မှာ အုပ်စု ဒုတိယသာရခဲ့တာကြောင့် အခုလိုပဲ ချန်ပီယံလိဂ်က ဆင်းလာတဲ့အသင်းနဲ့ ပွဲကျပ်တပွဲကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့်ပွဲအပေါ် ဖရက်ဒ်က “ဘာစီလိုနာက ထိပ်တန်းအသင်းတသင်းဆိုတာကို ကျနော်တို့ သိထားပြီး ဒီပွဲက မလွယ်ဘူးဆိုတာရယ်၊ ယူရိုပါလိဂ်မှာရှိတဲ့ပွဲတွေက မလွယ်ဘူးဆိုတာရယ်ကို သိထားပြီးသားပါ” “ဘာစီလိုနာနဲ့ ထိပ်တိုက်တွေ့ရတာက ကြီးကျယ်ခမ်းနားတဲ့ ပွဲတပွဲဖြစ်ပြီး အဲ့ဒီပွဲအတွက် ကျနော်တို့ အဆင်သင့်ဖြစ်နေတာ သေချာပါတယ်။ ဒီပွဲအတွက် ကျနော်တို့ ပြင်ဆင်သွားမှာပါ” “နောက်တဆင့်အတွက်လည်း ကျနော်တို့ ကျော်ဖြတ်သွားနိုင်ပါလိမ့်မယ်။ အိုးထရက်ဖို့ဒ်ကွင်းမှာ ကျနော်တို့နောက်က ပရိသတ်တွေက အမြဲတမ်းရှိခဲ့ပါတယ်။ […]

Premier League

ရော်နယ်ဒိုရဲ့လုပ်ရပ်တွေအပေါ် အံ့အားသင့်ခဲ့ရကြောင်း အသင်းဖော် ဖရက်ဒ် ဝန်ခံ

ယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ်က စပါးကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ရော်နယ်ဒို ကွင်းထဲကနေ စောစောစီးစီး ထွက်ခွာသွားတဲ့ လုပ်ရပ်ကို အံ့အားသင့်မိခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အဆိုပါပွဲမှာ လူစားဝင်ကစားဖို့ ညွှန်ကြားခံခဲ့ရပေမယ့် နည်းပြ တန်ဟက်ခ်ရဲ့ ညွှန်ကြားမှုကို လျစ်လျူရှုကာ ပွဲချိန်မပြီးသေးခင်မှာတင် အိုးထရက်ဖို့ဒ်ကွင်းထဲကနေ ထွက်ခွာသွားခဲ့တာပါ။ ရော်နယ်ဒိုရဲ့လုပ်ရပ်အပေါ် ပရိသတ်တွေကလည်း ဝေဖန်ခဲ့ကြပြီး တန်ဟက်ခ်ကလည်း ချဲလ်ဆီးနဲ့ပွဲအတွက် ကစားသမားစာရင်းကနေ ရော်နယ်ဒိုကို ဖယ်ရှားခဲ့ပါတယ်။ ဒါပေမယ့် နောက်တပတ်မှာပဲ ရော်နယ်ဒိုကို ကစားခွင့်ပြန်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်က ရော်နယ်ဒိုရဲ့လုပ်ရပ်နဲ့ပတ်သက်လို့ ဖရက်ဒ်က “အဲ့ဒီအချိန်တုန်းက ကျနော်က ကွင်းထဲမှာပါ။ ပွဲအပေါ် အာရုံစိုက်နေပြီး ရော်နယ်ဒို ထွက်သွားတာကို မမြင်လိုက်ပါဘူး” “ပွဲပြီးလို့ ကျနော် ဒီသတင်းကို ကြားတဲ့အချိန်ကျမှပဲ အံ့အားသင့်ခဲ့ရတာပါ။ ဒါက ခက်ခဲတဲ့ အခြေအနေပါ။ […]