Premier League

လီဗာပူးကိုဝယ်ယူမှာမဟုတ်ဘဲ ပီအက်စ်ဂျီကို ယှဥ်ပြိုင်ဖို့သာ ဦးစားပေးမယ်ဆိုတဲ့ ရတ်ကလစ်ဖ်

နာမည်ကျော် ဗြိတိန်ဘီလျံနာ ဆာဂျင်မီရတ်ကလစ်ဖ်က သတင်းတွေထွက်ပေါ်နေသလိုမျိုး လီဗာပူးအသင်းကို ဝယ်ယူဖို့ စိတ်မဝင်စားကြောင်း ဖွင့်ဟပြောကြားလာပါတယ်။

လီဗာပူးကို ရောင်းချမယ်လို့ ပိုင်ရှင်ကုမ္ပဏီဘက်က ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ကြေညာခဲ့ပြီးနောက် ဒီအသင်းကို ဝယ်ယူဖို့ နာမည်ကျော် သူဌေးတွေ အပြိုင်အဆိုင် နာမည်ထွက်ပေါ်လာခဲ့တာပါ။

ဒါ့အပြင် အားကစားလောကရဲ့ နာမည်ကျော် မက်ဂရီဂေါ်ကလည်း လိုအပ်တဲ့အချက်အလက်တွေကို တောင်းခံထားပါတယ်။ ဒါပေမယ့် ရတ်ကလစ်ဖ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ “ကျနော်တို့ရဲ့ အနေအထားက တိုးတက်နေပါတယ်”

“လက်ရှိမှာ နိုက်စ်အသင်းအတွက်ပဲ အာရုံစိုက်ထားပြီး ပြင်သစ်လိဂ်မှာ တိုးတက်လာဖို့နဲ့ ပီအက်စ်ဂျီကို ယှဥ်ပြိုင်နိုင်ဖို့အတွက်ပဲ အာရုံစိုက်ထားပါတယ်”

“ဒါမျိုးက ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ပိုမိုတန်ဖိုးရှိစေမယ့် အရာဖြစ်ပါတယ်။ အခြားသော အင်္ဂလန်ပရီးမီးယားလိဂ်က ထိပ်သီးအသင်းတသင်းကို ဝယ်ယူတာထက်စာရင့်ပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။

ရတ်ကလစ်ဖ်ဟာ ငယ်စဥ်တည်းက ယူနိုက်တက်ပရိသတ်တယောက်ဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာလည်း ယူနိုက်တက်ကို ဝယ်ယူဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် ဂလေဇာမိသားစုဘက်က ရောင်းချဖို့ စိတ်ကူးမရှိခဲ့ပါဘူး။

ရတ်ကလစ်ဖ်က “ဂလေဇာမိသားစုနဲ့ ကျနော် တွေ့ဆုံခဲ့ပြီး သူတို့က အသင်းကို မရောင်းချချင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့နွေမှာသာ သူတို့ ရောင်းချခဲ့ရင် အရောင်းအဝယ်က ဖြစ်နိုင်ပါတယ်”

“ဒါပေမယ့် ကျနော်တို့ဘက်ကလည်း တနေ့နေ့မှာ ယူနိုက်တက်ကို ရောင်းချလိမ့်မယ်ဆိုပြီး ထိုင်မစောင့်နိုင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ရတ်ကလစ်ဖ်ဟာ ချဲလ်ဆီးကိုဝယ်ယူဖို့အတွက်လည်း သတင်းထွက်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ