Uncategorized

ဆာကာလက်သစ်ကို အလွတ်နဲ့ ဆုံးရှုံးရနိုင်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဆာကာလက်သစ်လို့ သတ်မှတ်ထားတဲ့ အေမာရီယိုကိုဇီယာဒူဘာရီနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရသေးတာကြောင့် အလွတ်နဲ့ ဆုံးရှုံးမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။

အသက် ၁၈ နှစ်အရွယ်ကစားသမားဟာ ဒီရာသီ အာဆင်နယ်ယူ-၂၁ အသင်းအတွက် ၂၃ ပွဲကစားထားပြီး ၁၃ ဂိုးသွင်းယူကာ ၅ ဂိုးဖန်တီးထားတာပါ။ဒီကစားသမားဟာ အဆင်နယ်အသင်းကြီးပွဲစဉ်မှာ အရန်ကစားသမားအဖြစ် ၂ ကြိမ်တိုင်တိုင်ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် အေမာရီယိုကိုဇီယာဒူဘာရီနဲ့ အာဆင်နယ်အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂ လသာကျန်ရှိတော့တာကြောင့် သူ့ကို ခေါ်ယူဖို့ အသင်းအချို့က စောင့်ကြည့်နေကြတာပါ။နယူးကာဆယ်အသင်းက သူ့ကို ချိတ်ဆက်နေပေမယ့် အာဆင်နယ်အသင်းကတော့ စာချုပ်သစ်အတွက် ဆွေးနွေးပြီး အသင်းမှာ ဆက်ပြီးထားရှိချင်နေတာဖြစ်ပါတယ်။

အေမာရီယိုကိုဇီယာဒူဘာရီဟာ စိတ်လှုပ်ရှားဖို့ ကောင်းပြီး အာတီတာက သူ့ကိုနှစ်သက်တယ်လို့ အာဆင်နယ်ယူ-၁၈ အသင်းနည်းပြ ဝီလ်ရှိုင်းယားက ပြောထားပါတယ်။ဒါ့အပြင် သူ့ကိုမြင်ရင် ဆာကာကို သတိရပြီး ကစားတဲ့နေရာချင်းရော ပုံစံချင်းရော တူညီတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol