Uncategorized

ဘင်ဖီကာရဲ့၅၉ နှစ်ကြာစံချိန်ကို ရိုက်ချိုးပြီး စံချိန်သစ်တင်နိုင်ခဲ့တဲ့ လေဗာကူဆင်

လေဗာကူဆင်အသင်းဟာ ရိုးမားအသင်းနဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ ၂ ဂိုးစီသရေကစားပြီးနောက် ဘင်ဖီကာအသင်းတင်ရှိထားတဲ့ နှစ်ပေါင်း ၅၉ နှစ်ကြာက စံချိန်ကိုချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

လေဗာကူဆင်အသင်းဟာ ဒီပွဲမှာ မရှုံးနိမ့်ခဲ့တာကြောင့် ဒီရာသီပြိုင်ပွဲစုံရှုံးပွဲမရှိတာ ၄၉ ပွဲအထိရှိသွားခဲ့ပြီဖြစ်တာပါ။အဲ့ဒါကြောင့် လေဗာကူဆင်အသင်းဟာ ဘင်ဖီကာအသင်းရဲ့၄၈ ပွဲဆက်ရှုံးပွဲမရှိစံချိန်ကို ၁ ပွဲအသာနဲ့ ကျော်ဖြတ်ပြီး စံချိန်သစ်တင်က ဥရောပသမိုင်းမှာ ရှုံးပွဲမရှိပွဲအရေအတွက်အများဆုံးအသင်းဖြစ်လာခဲ့ပါတယ်။

လေဗာကူဆင်အသင်းဟာ ဒီရာသီကို အဆုံးသတ်ဖို့ ယူရိုပါလိဂ်ဗိုလ်လုပွဲ၊ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲအပါအဝင် ဘွန်ဒက်လီဂါ ပွဲစဉ် ၂ ပွဲကစားဖို့ ကျန်ရှိနေသေးတာပါ။အဲ့ဒါကြောင့် ဒီဖလား ၂ လုံးကိုရယူပြီး ၄ ပွဲစလုံးကို ရှုံးပွဲမရှိအောင် ကစားနိုင်မယ်ဆိုရင် လေဗာကူဆင်အသင်းဟာ တစ်ရာသီလုံးမရှုံးဘဲ ဆုဖလား ၃ လုံးရယူနိုင်တဲ့အသင်းအဖြစ် စံချိန်သစ်တင်နိုင်မှာဖြစ်ပါတယ်။

လေဗာကူဆင်အသင်းနည်းပြဇာဘီအလွန်ဆိုက သူတို့ဟာ ဒီရာသီကို ဆုဖလား ၃ လုံးစလုံးရယူဖို့ ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol