Uncategorized

ယူနိုက်တက်ဝတ်စုံနဲ့ လေ့ကျင့်မှုတွေပြုလုပ်နေခဲ့တဲ့ ဒီဂီယာ

အသင်းလက်မဲ့ဖြစ်နေတဲ့ ဂိုးသမား ဒီဂီယာဟာ အသင်းသစ်ရှာဖွေနေရင်း လေ့ကျင့်မှုပြုလုပ်ခဲ့ရာ ယူနိုက်တက်အသင်းဝတ်စုံဝတ်ဆင်ထားတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းမှာ ၁၂ နှစ်ကြာကစားခဲ့တဲ့ ဒီဂီယာဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာပြီးကတည်းက အခုအချိန်ထိ အသင်းသစ်မရရှိသေးတာပါ။လက်ရှိအချိန်မှာ ရာသီကုန်တော့မှာဖြစ်တဲ့အတွက် ဒီဂီယာဟာ လာမယ့်ရာသီသစ်မစတင်ခင် အသင်းသစ်ရှာဖွေနိုင်ဖို့ လေ့ကျင့်မှုတွေကြိုးကြိုးစားစား ပြုလုပ်နေတာဖြစ်ပါတယ်။

ဒီဂီယာဟာ သူ့ရဲ့အင်စတာဂရမ်စတိုရီမှာ နည်းပြ ၃ ဦးနဲ့လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ ဗီဒီယိုကိုတင်ထားခဲ့တာပါ။ဒီဂီယာဟာ အသင်းအချို့ရဲ့ကမ်းလှမ်းမှုတွေရရှိခဲ့တာကို ငြင်းပယ်ခဲ့ပြီးနောက် သူ့အတွက် ပြီးပြည့်စုံနိုင်မယ့် အခွင့်အရေးကို စောင့်မျှော်နေတာဖြစ်ပါတယ်။ဒီဂီယာဟာ လာလီဂါနဲ့ ဆော်ဒီပရိုလိဂ်ထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေပြီး မကြာခင်အသင်းသစ်ရှာဖွေနိုင်မယ်လို့ ယုံကြည်နေတာပါ။

မကြာသေးခင်က သတင်းတွေမှာ ဒီဂီယာဟာ ရီးရယ်လ်ဘက်တစ်အသင်းထံ ပြောင်းရွှေ့နိုင်တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol