Uncategorized

ဒီရာသီ အယ်လ်နာဆာအတွက် သွင်းဂိုး ၅၀ ပြည့်ဖို့နီးစပ်လာတဲ့ ရော်နယ်ဒို

အယ်လ်နာဆာအသင်းက Al-Akhdoud အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ၁ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဒီရာသီ အယ်လ်နာဆာအသင်းအတွက် သွင်းဂိုး ၅၀ ပြည့်ဖို့ နီးစပ်လာပြီဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ၄၇ ပွဲပါဝင်ကစားထားပြီး ၄၈ ဂိုးသွင်းယူထားတာကြောင့် ဒီရာသီလက်ကျန်ပွဲစဉ်တွေမှာ နောက်ထပ် ၂ ဂိုးသွင်းယူတာနဲ့ သွင်းဂိုး ၅၀ ပြည့်တော့မှာပါ။ရော်နယ်ဒိုဟာ ဒီဂိုးကြောင့် ဒီရာသီဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ၃၃ ဂိုးသွင်းယူထားပြီး ဒီလိဂ်ပြိုင်ပွဲရဲ့တစ်ရာသီဂိုးသွင်းအများဆုံး ၃၄ ဂိုးကိုလိုက်မှီဖို့ ၁ ဂိုးသာလိုတော့တာဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ သွင်းဂိုးပေါင်း ၉၀၀ ပြည့်ဖို့ ၉ ဂိုးသာလိုတော့တာပါ။အဲ့ဒါကြောင့် ရော်နယ်ဒိုဟာ လာမယ့်ဆော်ဒီပရိုလိဂ်ပွဲစဉ်တွေအပါအဝင် ယူရို ၂၀၂၄ ပြိုင်ပွဲလည်း ယှဉ်ပြိုင်ဖို့ရှိနေတာကြောင့် ဒီသွင်းဂိုး ၉၀၀ ကို မကြာခင်ပြည့်သွားနိုင်ဖို့ရှိနေတာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ရယူနိုင်စရာတစ်လုံးတည်းသောဆုဖလားဖြစ်တဲ့ ဆော်ဒီဘုရင့်ဖလားကို ရယူပေးနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol