Uncategorized

စီးရီးအေဆီ တန်းတက်ဖို့ ၂၁ နှစ်ကြာစောင့်ဆိုင်းခဲ့ရတာကို အဆုံးသတ်နိုင်ခဲ့တဲ့ ကိုမို

ကိုမိုအသင်းဟာ ဒီရာသီ စီးရီးဘီနောက်ဆုံးပွဲစဉ်မှာ ကိုစန်ဇာအသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့ပြီးနောက် စီးရီးအေပြိုင်ပွဲဆီကို တန်းတက်ဖို့ ၂၁ နှစ်ကြာစောင့်ဆိုင်းခဲ့ရတာကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အဆင့် ၃ နေရာက ဗီနီစီယာအသင်းဟာ တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ စပီဇီယာအသင်းကို အရေးနိမ့်ခဲ့တာကြောင့် ကိုမိုအသင်းဟာ စီးရီးဘီအမှတ်ပေးဇယားအဆင့် ၂ နေရာမှာရပ်တည်ပြီး လာမယ့်ရာသီ စီးရီးအေပြိုင်ပွဲကို တိုက်ရိုက်တန်းတက်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။ကိုမိုအသင်းဟာ ၂၀၀၃ က စီးရီးအေကနေ တန်းဆင်းပြီးနောက်ပိုင်းမှာ ဒေဝါလီခံခဲ့ရလို့ စီးရီးဒီကို တန်းဆင်းယှဉ်ပြိုင်ခဲ့ရတာပါ။

ကိုမိုအသင်းဟာ ၂၀၁၅ မှာ စီးရီးဘီကို ပြန်ရောက်လာခဲ့ပေမယ့် နောက်ထပ်တစ်ကြိမ်ဒေဝါလီခံခဲ့ရလို့ ၂၀၁၇-၁၈ ရာသီမှာ စီးရီးဒီပြိုင်ပွဲပြန်ရောက်သွားခဲ့ပါတယ်။အခုအချိန်မှာတော့ ကိုမိုအသင်းဟာ အီတလီထိပ်တန်းလိဂ်ဖြစ်တဲ့ စီးရီးအေပြိုင်ပွဲကို ပြန်လည်ယှဉ်ပြိုင်ရတော့မှာပါ။ကိုမိုအသင်းနဲ့အတူ လာမယ့်ရာသီ စီးရီးအေပြိုင်ပွဲကို ချန်ပီယံဖြစ်ခဲ့တဲ့ ပါးမားအသင်းလည်း တန်းတက်ခွင့်ရရှိခဲ့ပါတယ်။

စီးရီးအေတန်းတက်ခွင့် လက်ကျန် ၁ နေရာအတွက်ကိုတော့ အဆင့် ၃ ကနေ အဆင့် ၈ အတွင်းရပ်တည်ခဲ့တဲ့ အသင်းတွေ ပလေးအောဖ့်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol