ဘန်ဇီမာဟာ ရီးရယ်လ်အသင်း နောက်ကစားမယ့် ပွဲစဉ် ၂ ပွဲကို ပါဝင်နိုင်မှာမဟုတ်ပေမယ့် အသလက်တီကိုအသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ ပြန်ပါဝင်နိုင်မယ်လို့ နည်းပြ အန်ဆယ်လော့တီက ပြောလိုက်ပါတယ်။
ဘန်ဇီမာဟာ ဆဲလ်တစ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ဒူးဒဏ်ရာရသွားခဲ့တာကြောင့် ပထမပိုင်းမှာကတည်းက လူစားလဲခဲ့ရတာဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဘန်ဇီမာဟာ မာယော့ကာနဲ့ ကစားမယ့် လာလီဂါ၊ လိုက်ပ်ဇစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။အန်ဆယ်လော့တီက ” ကျွန်တော်တို့ ဘန်ဇီမာကို အတင်းအကျပ်ဖိအားပေးမှာမဟုတ်ပါဘူး”
“သူဟာ သေချာပေါက် လိုက်ပ်ဇစ်နဲ့ ပွဲမှာပါဝင်နိုင်မှာ မဟုတ်ပါဘူး။ဒါပေမယ့် ဒါဘီနဲ့ ပွဲမှာတော့ သူ့ကို မြင်တွေ့ရမှာပါ။တကယ်လို့ သူ အသလက်တီကိုနဲ့ ပွဲကို မပါဝင်နိုင်ရင် နိုင်ငံတကာပွဲကစားဖို့ ပြင်သစ်ကို သွားနိုင်မှာမဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။
ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်း လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား ရယူခဲ့ရာမှာ အဓိက ခြေစွမ်းပြခဲ့ပြီး ဥရောပအကောင်းဆုံး ကစားသမားဆုရခဲ့သလို ဘောလွန်းဒီအောရဖို့လည်း ရေပန်းစားနေတာဖြစ်ပါတယ်။