Premier League

“ဘောလုံးလောကရဲ့ ငကြောင်” အဖြစ် ဂွါဒီယိုလာကို ဟာလန်းတင်စား

မန်စီးတီးတိုက်စစ်မှူး ဟာလန်းက သူ့အသင်းနည်းပြ ဂွါဒီယိုလာရဲ့ နည်းစနစ်ပိုင်းတွေက ရှုပ်ထွေးဆန်းပြားကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်ကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တာပါ။

ဟာလန်းဟာ မန်စီးတီးအတွက် ဒီရာသီ ပြိုင်ပွဲစုံ (၇) ပွဲကစားပြီးချိန်မှာ သွင်းဂိုး (၁၂) ဂိုးအထိ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာလည်း (၆) ပွဲကစားပြီး ဟက်ထရစ် (၂) ကြိမ် ရရှိထားပါတယ်။

ဟာလန်းဟာ ဂွါဒီယိုလာ အားကိုးရတဲ့ ကစားသမားအဖြစ် ချက်ချင်းနေရာယူလာခဲ့ပြီး သူနဲ့ပတ်သက်လို့ ဂွါဒီယိုလာကလည်း အများကြီး အကာအကွယ်ပေး၊ အထောက်အပံ့တွေပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ဟာလန်းက ဂွါဒီယိုလာနဲ့ ပတ်သက်လို့လည်း အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။

ဟာလန်းက “ကျနော့်အထင် ဂွါဒီယိုလာကလည်း ဘောလုံးနဲ့ပတ်သက်လို့ ကျနော့်လိုမျိုး ကြောင်တောင်တောင်တွေဖြစ်လေ့ရှိတယ်ထင်ပါတယ်။ နှစ်ယောက်လုံးက ဘောလုံးကို ချစ်မြတ်နိုးကြပါတယ်။ သူက ကစားသမားဖြစ်ဖူးပြီး နည်းပြလည်းဖြစ်လာခဲ့ပါတယ်”

“သူက ဘောလုံးလောကနဲ့ ပတ်သက်လို့ ရူးသွပ်ပြီး ဒါကိုလည်း ကျနော် သဘောကျပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂွါဒီယိုလာက ဘောလုံးနဲ့ပတ်သက်လာရင် အရာရာတိုင်းကို လိုက်ပြီးစဥ်းစားနေလို့ပါ။ ဘယ်အရာကို ဘယ်လိုပိုကောင်းအောင်လုပ်ရမလဲဆိုတာလည်း တွေးနေတာပေါ့”

“အဲ့ဒါကြောင့်လည်း ကျနော် သူ့ကို သဘောကျတာပါ။ သူ့ရဲ့နည်းစနစ်တွေက တကယ်ကို ရှုပ်ထွေးပြီး ကျနော်က အဲ့ဒီအသင်းမှာ အထိုင်ကျအောင် တတ်နိုင်သလောက် မြန်မြန်ကြိုးစားခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ အချိန်မရှိလို့ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ