Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။

လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား သဘောတူညီချက်တွေအရ အက်သလက်တီကိုက ဒီကစားသမားကို ယူရိုသန်း (၄၀) ပေးပြီး မဖြစ်မနေ ခေါ်ယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် အက်သလက်တီကိုက ဒါကို လက်တလုံးခြားလုပ်ဖို့ ပြင်ဆင်နေပါတယ်။

ဒီရာသီမှာ ဂရစ်ဇ်မန်းက အက်သလက်တီကိုအတွက် မိနစ် (၆၀) နောက်ပိုင်းမှ လူစားဝင်ကစားခွင့်ရရှိနေပြီး ဒါက ဒီကစားသမားကို ပွဲချိန်တွေရဲ့ (၅၀) ရာခိုင်နှုန်းအထက် ကစားခွင့်မပေးလိုတာကြောင့်ပါ။ တကယ်လို့ စောစောစီးစီး အသုံးပြုခဲ့မယ်ဆိုရင် စာချုပ်ပါ အချက်က အသက်ဝင်သွားမှာဖြစ်ပါတယ်။

ဂရစ်ဇ်မန်းကို အက်သလက်တီကိုက ခေါ်ယူလိုပေမယ့် ယူရိုသန်း (၄၀) က စျေးကြီးတယ်လို့ ယူဆနေတာဖြစ်ပါတယ်။ ကစားသမားကတော့ ဒီပြဿနာကို အမြန်ဆုံးဖြေရှင်းပေးဖို့ ဆန္ဒရှိနေပါတယ်။

ဂရစ်ဇ်မန်းကိစ္စနဲ့ပတ်သက်လို့ ဇာဗီက “ကျနော့်အမြင်က ဘာမှအပြောင်းအလဲမရှိပါဘူး။ ဒါက အသင်းကိုမေးရမယ့်မေးခွန်းဖြစ်ပြီး ကျနော့်ကိစ္စမဟုတ်ပါဘူး။ ကျနော် ဂရစ်ဇ်မန်းအကြောင်းကိုလည်း မပြောခဲ့ဖူးပါဘူး”

“ဒါက အက်သလက်တီကို-ဘာစီလိုနာရဲ့ ပြဿနာပါ။ ကျနော့်ပြဿနာမဟုတ်တဲ့ အသင်းရဲ့ ကိစ္စတခုပါ။ ကျနော့်စီးပွားရေး ဘာတခုမှမပါသလို ငြင်းခုန်နေရမယ့် ကိစ္စလည်း မဟုတ်ပါဘူး။ သူက အက်သလက်တီကို ကစားသမားတယောက်ပါ” လို့ ပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga

ရီးရယ်လ်အတွက် ဘယ်ပွဲမှ ဘန်ဇီမာ ပြန်ပါနိုင်မလဲဆိုတာ ပြောပြခဲ့တဲ့ အန်ဆယ်လော့တီ

ဘန်ဇီမာဟာ ရီးရယ်လ်အသင်း နောက်ကစားမယ့် ပွဲစဉ် ၂ ပွဲကို ပါဝင်နိုင်မှာမဟုတ်ပေမယ့် အသလက်တီကိုအသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ ပြန်ပါဝင်နိုင်မယ်လို့ နည်းပြ အန်ဆယ်လော့တီက ပြောလိုက်ပါတယ်။ ဘန်ဇီမာဟာ ဆဲလ်တစ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့