Premier League

ချန်ပီယံလိဂ်ငါးလုံးရလည်း နဗီးလ်ဝေဖန်တာကိုတော့ လှိမ့်ခံရမယ့်ကက်စ်မဲရိုး

ယူနိုက်တက်ကွင်းလယ်လူ ကက်စ်မဲရိုးနဲ့ပတ်သက်လို့ ဂန္တဝင်ဟောင်း ဂယ်ရီနဗီးလ်က ဝေဖန်ပြောကြားလိုက်ပါတယ်။ ဒီကစားသမားဟာ ဆိုစီဒက်ကို အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲမှာ ယူနိုက်တက်အတွက် ပထမဆုံး ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။

ဒီမတိုင်ခင်က ကက်စ်မဲရိုးဟာ အရံကစားသမားအဖြစ်နဲ့ပဲ လူစားဝင်ကစားခွင့်ရရှိခဲ့တာပါ။ နည်းပြတန်ဟက်ခ်ဟာ ကွင်းလယ်ခံစစ်နေရာအတွက် လတ်တလော ပုံစံကောင်းပြနေတဲ့ စကော့တလန်ကွင်းလယ်လူ တွမ်မီနေးကိုသာ ဦးစားပေး အသုံးပြုနေပါတယ်။

ကက်စ်မဲရိုးအတွက် ယူနိုက်တက်တို့ အပြောင်းအရွှေ့ပိတ်ခါနီးမှ ယူရိုသန်း (၆၀) နဲ့ ရီးရဲလ်မက်ဒရစ်ကနေ ခေါ်ယူခဲ့တာပါ။ ဒါပေမယ့်လည်း ဒီဘရာဇီးကွင်းလယ်လူနဲ့ ပတ်သက်လို့ ဂယ်ရီနဗီးလ်က “ယူနိုက်တက်က ပေါင်သန်း (၁၃၀) (၁၄၀) လောက် အသုံးပြုချင်ခဲ့တာပါ။ ဒါပေမယ့် နောက်ဆုံးကျ သူတို့ ပေါင်သန်း (၂၃၀) သုံးလိုက်ရပါတယ်”

“ကက်စ်မဲရိုးနဲ့အန်တိုနီတို့ကို လီဗာပူးနဲ့ပွဲမတိုင်ခင် နှစ်ရက်အတွင်း ခေါ်လိုက်ပါတယ်။ ဒါက ဒီကစားသမားတွေကို လိုအပ်နေတဲ့ အခိုက်အတန့်ကြောင့်ပါပဲ” လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ကက်စ်မဲရိုးကိုခေါ်ယူပြီးနောက် အေဂျက်စ်ကြယ်ပွင့် အန်တိုနီအတွက် ယူရိုသန်း (၁၀၀) ထပ်မံအသုံးပြုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ရာသီအဖွင့် (၂) ပွဲဆက်တိုက် ရှုံးပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အသင်းပိုင်ရှင် ဂလေဇာမိသားစုအပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေက ပြင်းထန်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း တက်သုတ်ရိုက်ခေါ်ယူမှုတွေ ပြုလုပ်ခဲ့ပြီး ကက်စ်မဲရိုးက တန်ဟက်ခ် လိုချင်တဲ့ ကစားသမားမျိုးမဟုတ်ခဲ့ဘူးလို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ