ကာဒစ်ဇ်ဂိုးသမား လီဒတ်စ်မာဟာ ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ပွဲကြည့်စင်ပေါ်မှာ လဲကျနေတဲ့ ပရိသတ်တစ်ဦးကို ကူညီဖို့ အပြေးသွားရောက်ခဲ့လို့ သူရဲကောင်းအဖြစ် ချီးကျူးခံနေရတာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းက ၂ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်ချိန် ပွဲချိန် ၈၂ မိနစ်မှာ ဒီအဖြစ်အပျက်ကြောင့် ပွဲကို ရပ်တန့်ခဲ့ရတာပါ။
အသက်အရွယ်ကြီးတဲ့သူတစ်ဦး လဲကျသွားပြီးနောက် ကစားသမားတွေဟာ အရေးပေါ်အခြေအနေအတွက် ဒိုင်လူကြီးကို သတိပေးခဲ့တာဖြစ်ပါတယ်။
ကစားသမားတွေဟာ ဒီအခြေအနေတွေကြောင့် တိတ်ဆိတ်ငြိမ်သက်စွာရှိနေချိန်မှာ ဂိုးသမား လီဒတ်စ်မာဟာ ကာဒစ်ဇ်ဆေးအဖွဲ့ဆီကနေ နှလုံးခုန်နှုန်းထိန်းစက်ကို ရယူဖို့ အပြေးအလွှားသွားရောက်ယူပြီး ပွဲကြည့်စင်ပေါ်ကို ပစ်ပေးခဲ့တာပါ။
လီဒတ်စ်မာဟာ ဒီအဖြစ်အပျက်ကို ကြည့်ပြီး စိုးရိမ်နေခဲ့သလို ဘာစီလိုနာနောက်ခံလူ အာရူဂျိုကလည်း ဆုတောင်းပေးနေတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာ တစ်နာရီကြာ ရပ်နားပြီးမှ ပွဲကို ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ ဘာစီလိုနာအသင်းဟာ ကာဒစ်ဇ်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။