Laliga

ဂိုးသွင်းဖို့နဲ့ ဂိုးဖန်တီးဖို့အ‌တွက် ပွဲချိန်ပြည့်တောင် ကန်စရာမလိုဘူးဆိုတဲ့ လီဝန်ဒေါစကီး

လီဝန်ဒေါစကီးကတော့ ဘာစီလိုနာအသင်းက ကာဒစ်ဇ်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပေမယ့် ခြေစွမ်းပြပြီး ဂိုးသွင်းယူ၊ ဂိုးဖန်တီးသွားတာဖြစ်ပါတယ်။

ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ ၄ ဂိုးသွင်းယူခဲ့တာပါ။ဒုတိယပိုင်းမှာ ဒီဂျောင်က ဦးဆောင်ဂိုးစတင်သွင်းယူခဲ့တာဖြစ်ပါတယ်။လီဝန်ဒေါစကီးဟာ ပွဲချိန် ၅၇ မိနစ်မှာ လူစားဝင်ခဲ့တာပါ။ပွဲချိန် ၆၅ မိနစ်မှာ လီဝန်ဒေါစကီးက ဒုတိယဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လီဝန်ဒေါစကီးဟာ အန်ဆုဖာတီနဲ့ ဒမ်ဘီလီတို့ရဲ့ဂိုးတွေကိုလည်း ဖန်တီးသွားခဲ့တာပါ။ပိုလန်တိုက်စစ်မှူးဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ၆ ပွဲကစားအပြီးမှာ ၉ ဂိုးသွင်းယူပြီး ၂ ဂိုးဖန်တီးခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီနိုင်ပွဲကြောင့် ရီးရယ်လ်အသင်းမကစားခင် ရမှတ် ၁၃ မှတ်နဲ့ လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး လီဝန်ဒေါစကီးဟာ အသင်းဟောင်းနဲ့ ပြန်လည်တွေ့ဆုံရမှာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား