Premier League

မော်ရင်ဟိုက သူ့ကို လေးစားမှုမရှိဘူးလို့ ပြောလိုက်တဲ့ မာရှယ်

မာရှယ်ကတော့ မော်ရင်ဟိုဟာ ယူနိုက်တက်မှာ အတူရှိနေချိန်အတွင်း သူ့အပေါ်မှာ လေးစားမှုမရှိဘူးလို့ ပြောလိုက်ပါတယ်။

မာရှယ်ဟာ မော်ရင်ဟိုရောက်လာပြီးချိန် ယူနိုက်တက်အသင်းမှာ နေရာပျောက်ဆုံးခဲ့ပြီး သူ့ရဲ့ကျောနံပတ်ကိုလည်း ဆုံးရှုံးခဲ့သလို ဆန်းချက်စ်ကိုသာ သူ့ရဲ့ဦးစားပေးအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

မာရှယ်က “ဒါဟာ ဂျာစီနံပတ်နဲ့ စတင်ခဲ့တာပါ။အားလပ်ရက်အတွင်းမှာ သူက ကျွန်တော့်ကို ဂျာစီနံပတ် ၁၁ ပြောင်းဝတ်မလား၊ ဒါဟာ ရိုင်ယန်ဂစ်ရဲ့နံပတ်ဖြစ်လို့ အလွန်ကောင်းကြောင်း မက်ဆေ့ပို့ပြီး ပြောပြခဲ့ပါတယ်။ကျွန်တော်ဟာ ဂစ်ကို လေးစားပေမယ့် နံပတ် ၉ တော့ဆက်ပြီးယူချင်တယ်”

“ကလပ်ကို ပြန်သွားတဲ့ အချိန်မှာ နံပတ် ၁၁ ဖြစ်သွားတော့ အဆင်မပြေတော့ပါဘူး။သူက ကျွန်တော့်အပေါ်မှာ လေးစားမှုလုံးဝမရှိပါဘူး။ပြီတော့ ဆန်းချက်စ်ကို ခေါ်ယူပြီးအချိန်မှာ ကျွန်တော်အများကြီး မကစားရတော့ပါဘူး”

“ကမ္ဘာ့ဖလားရာသီလည်းဖြစ်သလို ပြင်သစ်အနိုင်ရတဲ့အချိန်မှာ ကျွန်တော့်အတွက် အများကြီး ထိခိုက်နစ်နာခဲ့ရပါတယ်။ကျွန်တော်အဲ့ဒီမှာ ပါသင့်တာပါ”လို့ ပြောခဲ့ပါတယ်။

မာရှယ်ဟာ ပြီးခဲ့တဲ့ရာသီက ဆီဗီလာအသင်းထံ အငှားချခံခဲ့ရပေမယ့် ဒီရာသီ နည်းပြတန်ဟတ်က သူ့ကို အဓိက ကစားသမားအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ