Premier League

နိုင်ငံတကာပွဲတွေမှာ တန်ဟက်ခ်စောင့်ကြည့်တာခံရမယ့် ယူနိုက်တက်ကစားသမားများ

ယူနိုက်တက်ရဲ့ နာမည်ကျော်ကစားသမားလေးယောက်ကို နည်းပြ တန်ဟက်ခ်က လာမယ့်နိုင်ငံတကာရက်သတ္တပတ်မှာ အနီးကပ် စောင့်ကြည့် အကဲခတ်သွားမယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ဒီကစားသမားတွေကတော့ နောက်ခံလူ မက်ဂွိုင်းရား၊ လုခ်ရှော၊ ကွင်းလယ်လူ ကက်စ်မဲရိုးနဲ့ တိုက်စစ်မှူး ရော်နယ်ဒိုတို့ဖြစ်ပါတယ်။

မက်ဂွိုင်းရား၊ လုခ်ရှောတို့ဟာ ယူနိုက်တက်နောက်တန်းမှာ သူတို့ရဲ့ ပုံမှန်နေရာကို ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်ယောက်ကို အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်က လက်ရွေးစင် လူစာရင်းမှာ ရွေးချယ်ထားဆဲပါ။

လာမယ့် ဂျာမနီ၊ အီတလီတို့နဲ့ ကစားမယ့် နေးရှင်းလိဂ်ပွဲတွေမှာ ဒီကစားသမားနှစ်ယောက် ပါဝင်ခွင့်ရမလား၊ ပါဝင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်အထိ ခြေစွမ်းပြနိုင်မလဲဆိုတာကို တန်ဟက်ခ်က သေချာပေါက် စောင့်ကြည့်သွားမှာပါ။

ဒါ့အပြင် ယူနိုက်တက်ကို ပြီးခဲ့တဲ့နွေကမှ ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူ ကက်စ်မဲရိုးရဲ့ ဘရာဇီးကိုလည်း တန်ဟက်ခ်က စောင့်ကြည့်သွားမှာပါ။ ကက်စ်မဲရိုးဟာ လက်ရှိအချိန်ထိ တွမ်မီနေးရဲ့နောက် ဒုတိယဦးစားပေးအဖြစ်သာ သတ်မှတ်ခံထားရပါသေးတယ်။

ကက်စ်မဲရိုးကို တန်ဟက်ခ် ဆန္ဒမပါဘဲ ခေါ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသလို ဒီဘရာဇီးသား ရောက်လာတာနဲ့ တပြိုင်နက် တွမ်မီနေးကလည်း အကောင်းဆုံး ခြေစွမ်းတွေ ပြသပြီး ကွင်းလယ်မှာ အပိုင်တနေရာကို သိမ်းပိုက်ထားပါတယ်။

နောက်ထပ်တယောက်ကတော့ တန်ဟက်ခ်ပြောပြောနေတဲ့ ကြံ့ခိုင်မှုမပြည့်ဘူးဆိုတဲ့ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုပဲဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ လက်ရှိရာသီမှာ ယူနိုက်တက်အတွက် ယူရိုပါလိဂ်နှစ်ပွဲ၊ ပရီးမီးယားလိဂ်တပွဲသာ ပွဲထွက်ခွင့်ရထားပါသေးတယ်။

ဒါ့အပြင် ရှရစ်ဖ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ယူရိုပါလိဂ်ပွဲမှသာ ပင်နယ်တီကတဆင့် ဒီရာသီ ပထမဆုံးဂိုးရရှိခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီကစားသမားတွေအနေနဲ့ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်တနေရာအတွက် ပြန်လည်တိုက်ပွဲဝင်လိုတယ်ဆိုရင်တော့ ဒီတပတ် နိုင်ငံတကာရက်သတ္တပတ်မှာ သေချာပေါက် ခြေစွမ်းကောင်းတွေ ပြသဖို့ လိုအပ်နေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ