World Cup 2022

အတည်ပြုပြီးတာတောင်မှ ဘောလုံးနဲ့ခေါင်းနဲ့ထိသွားတယ်လုပ်နေခဲ့တဲ့ ရော်နယ်ဒို

ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဥရုဂွေးကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲက အသင်းရဲ့ ပထမသွင်းဂိုးမှာ သူ့ရဲ့ ခေါင်းနဲ့ ဘောလုံး ထိသွားခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း မော်ဂန်က ဆိုလာပါတယ်။ အဆိုပါပွဲမှာ ပေါ်တူဂီတို့ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပေါ်တူဂီကလည်း အုပ်စုနှစ်ပွဲ ကစားပြီးချိန်မှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့ ပထမသွင်းဂိုးမှာ ဘရူနိုဖာနန်ဒက်စ် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ရော်နယ်ဒို ခေါင်းနဲ့ ဝင်တိုက်ဖို့ ကြိုးစားခဲ့ရာကတစ်ဆင့် ဂိုးဝင်သွားခဲ့တာပါ။ ရော်နယ်ဒိုကလည်း သူ့ရဲ့ သွင်းဂိုးအဖြစ် မှတ်ယူကာ အောင်ပွဲခံခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတွေကတော့ ဒီဂိုးကို ဘရူနိုဖာနန်ဒက်စ်ရဲ့ဂိုးအဖြစ်သာ သတ်မှတ်ပေးခဲ့ပါတယ်။ Adidas နဲ့ ဖီဖာဘက်ကလည်း ဒီဂိုးမှာ ရော်နယ်ဒိုနဲ့ မထိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ကတော့ […]

World Cup 2022

(၂၀၃၀) ကမ္ဘာ့ဖလားအတွက် အဓိကပုဂ္ဂိုလ်တွေဖြစ်နေနိုင်တဲ့ ရော်နယ်ဒိုနဲ့မက်ဆီ

ကမ္ဘာကျော် ကစားသမားနှစ်ယောက်ဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ (၂၀၃၀) ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိရေးအတွက် ကြိုးစားနေတဲ့ ဆော်ဒီအာရေဗျနိုင်ငံရဲ့ အဓိကပစ်မှတ်ဖြစ်နေကြောင်း သိရှိရပါတယ်။ ဆော်ဒီဟာ လာမယ့် (၂၀၃၀) ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိရေး ဝင်ရောက်ယှဥ်ပြိုင်သွားဖို့ ပြင်ဆင်နေပါတယ်။ ဆော်ဒီဟာ အီဂျစ်၊ ဂရိတို့နဲ့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားဖို့ ပစ်မှတ်ထားနေတာပါ။ အဲ့ဒါကြောင့်လည်း ဆော်ဒီဘောလုံးလောကအနေနဲ့ အခုတည်းက ကြိုတင်ပြင်ဆင်နေကြတာပါ။ ရော်နယ်ဒိုကို ခေါ်ယူဖို့ ဆော်ဒီကလပ်အသင်းအချို့က ကြိုးစားနေပြီး မက်ဆီကိုလည်း ခရီးသွားမြှင့်တင်ရေး တာဝန်ခံအဖြစ် ရာထူးပေးအပ်သွားဖို့ ပြင်ဆင်နေပါတယ်။ ဒီကိစ္စတွေအတွက်တော့ ကစားသမားနှစ်ယောက်လုံးဘက်က တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသေးပါဘူး။ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေသူပါ။ ရော်နယ်ဒိုအတွက်ရော၊ မက်ဆီအတွက်ရောက လက်ရှိ (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို သူတို့အတွက် နောက်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ပစ်မှတ်ထား […]

World Cup 2022

အသင်းလက်မဲ့ဖြစ်ပြီး ပေါ်တူဂီကပ္ပတိန်ဖြစ်ခဲ့လို့ မှတ်တမ်းတစ်ခုရသွားတဲ့ ရော်နယ်ဒို

ရော်နယ်ဒိုဟာ မနေ့ညက ဂါနာနဲ့ ကစားခဲ့တဲ့ ပေါ်တူဂီရဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ပါဝင်ကစားခဲ့တဲ့နောက် မှတ်တမ်းတစ်ခုကို ရရှိသွားခဲ့ပါတယ်။ ဒါကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အသင်းလက်မဲ့ ကစားသမားတစ်ယောက်က လက်ရွေးစင်အသင်းတစ်သင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခွင့်ရရှိခဲ့တဲ့ ဒုတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပဲဖြစ်ပါတယ်။ သူ့မတိုင်ခင်က ဒီလိုမျိုး မှတ်တမ်းဝင်ခဲ့တဲ့ ပထမဆုံး ကစားသမားက ကနေဒါ ကစားသမား ဘရုစ်ဝီလ်ဆင်ပဲဖြစ်ပါတယ်။ ဝီလ်ဆင်ဟာ အသင်းလက်မဲ့အဖြစ်နဲ့ ပြီးခဲ့တဲ့ (၁၉၈၆) ကမ္ဘာ့ဖလားမှာ ကနေဒါအသင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့တာပါ။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ ယူနိုက်တက်နဲ့ နှစ်ဦး သဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။ ရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် နယူးကာဆယ်၊ ဆော်ဒီကလပ်အချို့က သတင်းတွေထွက်ပေါ်နေပေမယ့် ကစားသမားကိုယ်တိုင်က ကမ္ဘာ့ဖလားအတွက်ပဲ အာရုံစိုက်ထားတယ်လို့ဆိုပါတယ်။ ရော်နယ်ဒိုဟာ ပီယာ့စ်မော်ဂန်နဲ့ […]

World Cup 2022

ရော်နယ်ဒိုရဲ့ပြဿနာက ကမ္ဘာ့ဖလားအပေါ် မသက်ရောက်နိုင်ဘူးလို့ ပြိုင်ဘက်ကပ္ပတိန်ယုံကြည်နေ

ပေါ်တူဂီနဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲမှာ ရင်ဆိုင်ရမယ့် ဂါနာလက်ရွေးစင်အသင်းခေါင်းဆောင် အန်ဒရေအယူးက ရော်နယ်ဒိုရဲ့ပြဿနာတွေဟာ ပေါ်တူဂီအပေါ် တစ်စုံတစ်ရာ ထိခိုက်နိုင်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပါတယ်။ အဆိုပါ ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင်ကို ခေါ်ယူဖို့ အချို့အသင်းတွေက စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက လက်ရှိအချိန်မှာ ကမ္ဘာ့ဖလားအတွက်သာ အာရုံစိုက်ထားကြောင်း သိရှိရပါတယ်။ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ အန်ဒရေအယူးက အခုလိုပဲ ပြောကြားခဲ့ပါတယ်။ အန်ဒရေအယူးက “ပေါ်တူဂီနဲ့ ပတ်သက်လို့ ဖြစ်ပျက်နေတာက ကျွန်တော်တို့အတွက် ပြဿနာမဟုတ်ပါဘူး။ သူတို့ အားလုံးက ထိပ်တန်းအသင်းတွေမှာ ကစားနေတဲ့ ထိပ်တန်းအဆင့် ပရော်ဖက်ရှင်နယ်တွေပါ။ ဘာတွေပဲဖြစ်ဖြစ်ပေါ့” “ပေါ်တူဂီက စာရွက်ပေါ်မှာ ရေပန်းစားနေတာကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ကွင်းထဲမှာ […]

World Cup 2022

ပေါ်တူဂီရဲ့ လေ့ကျင့်ခန်းအစီအစဥ်မှာ ပြန်လည်ပါဝင်လာနိုင်ခဲ့တဲ့ ရော်နယ်ဒို

ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဥ်မှာ ပြန်လည် ပါဝင်လာနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ရော်နယ်ဒိုဟာ အစာအိမ်ရောဂါဝေဒနာကြောင့် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဥ်ကို လွဲချော်ခဲ့ရသလို နိုင်ဂျီးရီးယားနဲ့ ခြေစမ်းပွဲမှာလည်း ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒီအကြောင်းကိုလည်း ပေါ်တူဂီလက်ရွေးစင်နည်းပြ ဖာနန်ဒိုဆန်းတို့စ်ကိုယ်တိုင်က အတည်ပြုထားပါတယ်။ မနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဥ်မှာတော့ ရော်နယ်ဒိုက ရောဂါဝေဒနာကနေ ပြန်လည်သက်သာသွားခဲ့ပြီး အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေကြောင်း သိရှိရပါတယ်။ ရော်နယ်ဒိုဟာ ဂါနာနဲ့ ကြာသပတေးနေ့မှာ ကစားမယ့် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲမှာ ပါဝင်နိုင်ဖွယ်ရှိပါတယ်။ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားမတိုင်ခင် ကစားခဲ့တဲ့ ယူနိုက်တက်ရဲ့ နောက်ဆုံးပွဲစဥ်နှစ်ပွဲဆက်တိုက်မှာလည်း ဖျားနာနေတယ်လို့ အကြောင်းပြပြီး ပါဝင်ကစားခဲ့ခြင်းမရှိပါဘူး။ ဒါဟာ ကမ္ဘာ့ဖလားအတွက် သူ့ကိုယ်သူ […]

Premier League

ရော်နယ်ဒိုရဲ့အမေနဲ့ပါ ထိပ်တိုက်တွေ့ရတော့မယ့် ယူနိုက်တက်နည်းပြ တန်ဟက်ခ်

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်ကို ရန်တွေ့ရေးသားတဲ့ စာတစ်စောင်အကြောင်းကို ပြန်လည်မျှဝေပြီး ရော်နယ်ဒိုရဲ့အမေဖြစ်သူ ဒိုလိုရက်စ်အယ်လ်ဗီရိုက လက်ခုပ်တီးတဲ့ အီမိုဂျီနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ်တင်ခဲ့ပါတယ်။ အဆိုပါ အိတ်ဖွင့်ပေးစာကို ရေးသားခဲ့သူကတော့ ဂျာနယ်လစ် လူးဝစ်အော်ဆိုရီယိုဖြစ်ပါတယ်။ သူရေးသားတဲ စာထဲမှာ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ယူနိုက်တက်နည်းပြ တန်ဟက်ခ်ရဲ့ ကိုင်တွယ်ပုံတွေကို အပြင်းအထန် ဝေဖန်ထားပါတယ်။ အော်ဆိုရီယိုက “ယူနိုက်တက်ကို တန်ဟက်ခ် ကိုင်တွယ်နေသမျှ ကာလပတ်လုံးမှာ ကျွန်တော် ရယ်ပဲရယ်ချင်ခဲ့ပါတယ်။ ဒီလိုမျိုး ဘောလုံးလောကရဲ့ အောက်ခြေကလူကို ရော်နယ်ဒိုနဲ့ ခင်ဗျားတို့ နှိုင်းနေရတာလဲ” “မက်ဒဲရားဥက္ကဌဟောင်း ဂျာအိုဂျာဒင်းမ်ပြောတဲ့စကားအတိုင်း ပြောရမယ်ဆိုရင် အဲ့ဘဲကို သောက်တစ်လွဲကောင်လို့သာ ပြောလိုက်ကွာ။ ပြောပြီးသားဆိုပေမယ့် ဒါကို ထပ်ပြောဖို့ ထိုက်တန်ပါတယ်” လို့လည်း ပြင်းပြင်းထန်ထန် ရေးသားထားပါတယ်။ ရော်နယ်ဒိုရဲ့ အမေကတော့ ဒီပို့စ်ကို ပြန်လည်မျှဝေခဲ့ပြီး […]

World Cup 2022

ပေါ်တူဂီနဲ့ ကမ္ဘာ့ဖလားရရင် အနားယူသွားနိုင်တယ်ဆိုတဲ့ ရော်နယ်ဒို

ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ဖို့ အကောင်းမြင်နေပြီး ကမ္ဘာ့ဖလားသာရရှိခဲ့ရင် ကစားသမားဘဝက အနားယူသွားနိုင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ယူရို-၂၀၁၆ ချန်ပီယံဆုကို ပေါ်တူဂီနဲ့အတူ ဆွတ်ခူးပြီးနောက် နိုင်ငံတကာ ကစားသမားဘဝအတွက် အကြီးမားဆုံး အောင်မြင်မှုကို ဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေပါတယ်။ ပေါ်တူဂီဟာ ဒီနှစ် ကမ္ဘာ့ဖလားအုပ်စုအဆင့်မှာ ဂါနာ၊ ဥရုဂွေး၊ တောင်ကိုရီးယားတို့နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။ အသင်းရဲ့ မျှော်လင့်ချက်နဲ့ ပတ်သက်လို့ ရော်နယ်ဒိုက “ကျနော်တို့အတွက် အံ့အားသင့်ဖွယ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်” “ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ဖို့အတွက်လည်း အကောင်းမြင်စိတ်ရှိပါတယ်။ ကျနော်တို့ဆီမှာ နည်းပြကောင်းနဲ့ ဘောလုံးမျိုးဆက်ကောင်းတခုရှိနေပါတယ်” “ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ဖို့က ခက်ခဲမှာပါ။ တော်တော်လေးကို ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ဘာမဆိုဖြစ်နိုင်ပါတယ်။ […]

Premier League ပြင်သစ်လီဂူး

စံချိန်တွေက ကျနော့်နောက်လိုက်နေတာဆိုပြီး မက်ဆီနဲ့ပတ်သက်လို့ တော်ကီကြွယ်ပြလိုက်တဲ့ ရော်နယ်ဒို

ယူနိုက်တက်နဲ့ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်မှူး ရော်နယ်ဒိုဟာ မက်ဆီရဲ့ ဂျာစီရောင်းအားကို ကျော်ဖြတ်နိုင်ခဲ့တဲ့အပေါ် ပျော်ရွှင်မိပြီး စံချိန်မှတ်တမ်းတွေကသာ ကျနော့်နောက်ကို လိုက်နေတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ အပြောင်းအရွှေ့ရာသီတခုအတွင်း အသင်းပြောင်းခဲ့ကြသူတွေပါ။ မက်ဆီက ပီအက်စ်ဂျီကို ပြောင်းရွှေ့ပြီး ရော်နယ်ဒိုက အသင်းဟောင်း ယူနိုက်တက်ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ရော်နယ်ဒို ယူနိုက်တက်ကို မရောက်လာခင်မှာ မက်ဆီရဲ့ ပီအက်စ်ဂျီ ဂျာစီရောင်းအားက ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒို ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တဲ့နောက် မက်ဆီရဲ့ အဆိုပါ ဂျာစီရောင်းအားကို ကျော်တက်ခဲ့ပါတယ်။ မော်ဂန်နဲ့ အင်တာဗျူးအတွင်း ရော်နယ်ဒိုက “မက်ဆီရဲ့ ဂျာစီရောင်းအားကို ကျော်တက်နိုင်ခဲ့တဲ့အတွက် ကျနော် ပျော်ရွှင်တာပေါ့။ (ရယ်လျက်) ခင်ဗျားတို့လည်း သိတဲ့အတိုင်းပဲလေ” “ကျနော်က စံချိန်မှတ်တမ်းတွေနောက်ကို […]

Premier League

အသင်းဖော်ဟောင်း ရော်နယ်ဒို ဒုက္ခရောက်နေလို့ စိတ်မကောင်းဖြစ်နေတဲ့ ဘိုနူချီ

ဂျူဗင်တပ်စ်နဲ့ အီတလီ ဂန္တဝင်နောက်ခံလူကြီး ဘိုနူချီက အသင်းဖော်ဟောင်း ရော်နယ်ဒို ယူနိုက်တက်မှာ ပြဿနာဖြစ်ပွားနေတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပီယာ့စ်မော်ဂန်နဲ့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တဲ့ စကားတွေကြောင့် တော်တော်လေး ဝေဖန်ခံနေရပါတယ်။ ယူနိုက်တက်ပရိသတ်တွေကလည်း သူ့ကို မျက်မုန်းကျိုးသွားကြပါတယ်။ ဒါ့အပြင် ယူနိုက်တက်ကလည်း အိုးထရက်ဖို့ဒ်ကွင်းမျက်နှာစာမှာရှိတဲ့ ရော်နယ်ဒိုရဲ့ ပုံရိပ်ကို ဖယ်ရှားပစ်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းသားတွေကြားမှာလည်း ရော်နယ်ဒိုရဲ့ ပြောစကားတွေအတွက် မကျေမနပ်ဖြစ်နေကြပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ဘိုနူချီက အယ်လ်ဘေးနီးယားနဲ့ ကစားမယ့် ချစ်ကြည်ရေးခြေစမ်းပွဲအတွက် ပြင်ဆင်နေပါတယ်။ ဒီမတိုင်ခင် အသင်းဖော်ဟောင်း ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ဘိုနူချီက “ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ပြောနိုင်တာက လက်ရှိ သူ့ရဲ့ […]

Premier League

ရော်နယ်ဒိုရဲ့ အင်တာဗျူးမှာ မက်ဆီအကြောင်း ပါလား၊ မပါလား မော်ဂန်ဖွင့်ဟ

ရော်နယ်ဒိုနဲ့ အရင်းနှီးဆုံး မိတ်ဆွေ ပီယာ့စ်မော်ဂန်က ရော်နယ်ဒိုနဲ့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဥ်မှာ မက်ဆီအကြောင်း ပါဝင်လားဆိုတဲ့ မေးခွန်းအပေါ် တုံ့ပြန်ပြောကြားလာပါတယ်။ ရော်နယ်ဒိုဟာ ပီယာ့စ်မော်ဂန်နဲ့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဥ်မှာ ယူနိုက်တက်နဲ့ ပတ်သက်လို့ အူမချေးခါး မကျန် ဖွင့်ဟခဲ့ပြီး ပြဿနာတွေလည်း တော်တော်လေး ဖြစ်ပွားနေပါတယ်။ ယူနိုက်တက်ပရိသတ်တွေ၊ ကစားသမားတွေက ရော်နယ်ဒိုနဲ့ ပတ်သက်လို့ တော်တော်လေးကို စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြတာပါ။ ဒါ့အပြင် တန်ဟက်ခ်ကလည်း ရော်နယ်ဒိုကို ယူနိုက်တက်မှာ နောက်တကြိမ် ပြန်ကစားခွင့် မပေးတော့ဖို့ ဆုံးဖြတ်ထားကြောင်း သတင်းတွေကဆိုပါတယ်။ ဒီလိုမျိုး အငြင်းပွားဖွယ် အင်တာဗျူးမှာ မက်ဆီနဲ့ ပတ်သက်လို့ ရော်နယ်ဒို တစုံတရာ ဖွင့်ဟခဲ့ခြင်းရှိ၊ မရှိဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ဆယ်စုနှစ်တခုကျော်ကြာ […]