Premier League

ဘုန်းမောက်နဲ့ပွဲမှာ လီဗာပူးလ်အတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် စံချိန်တင်နိုင်ခဲ့တဲ့ ဒါဝင်နူးနက်ဇ်

လီဗာပူးလ်အသင်းတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ လီဗာပူးလ်အသင်းက ဘုန်းမောက်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး စံချိန်ပါတင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါဝင်နူးနက်ဇ်ဟာ ဒီပွဲမှာ လီဗာပူးလ်အသင်းအတွက် ၂ ဂိုးသွင်းယူပြီးနောက် ဒီရာသီ ပြိုင်ပွဲစုံ ၁၀ ဂိုးသွင်းယူထားပြီး ၁၀ ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်တဲ့ ပထမဆုံးပရီးမီးယားလိဂ်ကစားသမားဖြစ်လာခဲ့တာပါ။ဒါ့အပြင် ဒါဝင်နူးနက်ဇ်ဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် ကစားသမားဘဝသွင်းဂိုး ၁၀၀ ပြည့်မြောက်သွားခဲ့ပါတယ်။

ဒါဝင်နူးနက်ဇ်ဟာ ဒီသွင်းဂိုး ၁၀၀ ကို ဘင်ဖီကာအသင်းမှာ ၄၈ ဂိုး၊ လီဗာပူးလ်မှာ ၂၄ ဂိုး၊ အယ်လ်မာရီယာမှာ ၁၆ ဂိုး၊ ဥရုဂွေးမှာ ၈ ဂိုးနဲ့ ပီနယ်လ်ရိုးမှာ ၄ ဂိုးသွင်းယူထားတာပါ။ဒါဝင်နူးနက်ဇ်ဟာ လီဗာပူးလ်အသင်းမှာ ခြေစွမ်းမပြနိုင်လို့ ဝေဖန်မှုတွေခံနေရပေမယ့် အကောင်းဆုံးခြေစွမ်းတွေနဲ့ ပြန်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဘုန်းမောက်အသင်းကို အနိုင်ရခဲ့တာကြောင့် ဒုတိယနေရာက မန်စီးတီးအသင်းထက် ၁ ပွဲပိုကစားထားပြီး ၅ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ