Uncategorized

အိုလံပစ်ဝင်ခွင့်ရဖို့ ခြေတစ်လှမ်းသာလိုတော့တဲ့ အင်ဒိုနီးရှားယူ-၂၃ အသင်း

အင်ဒိုနီးရှားအသင်းဟာ ကျင်းပနေတဲ့ AFC ယူ-၂၃ အာရှဖလားပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်မှာ တောင်ကိုရီးယားအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်နိုင်ခဲ့တာကြောင့် ပဲရစ်အိုလံပစ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရဖို့အတွက် ခြေတစ်လှမ်းသာလှမ်းဖို့လိုတော့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားအသင်းဟာ ကွာတားဖိုင်နယ်ပွဲစဉ်မှာ တောင်ကိုရီးယားအသင်းနဲ့ ပွဲချိန်အတွင်းရော အချိန်ပိုမှာ ၂ ဂိုးစီသရေကျခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတာပါ။ပင်နယ်တီမှာ အင်ဒိုနီးရှားအသင်းက ၁၁ ဂိုး-၁၀ ဂိုးန့ အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ခဲ့တာဖြစ်ပါတယ်။ဒီပြိုင်ပွဲရဲ့ထိပ်ဆုံး ၃ သင်းဟာ လာမယ့်အိုလံပစ်ပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့်ရရှိမှာပါ။

စတုတ္ထရတဲ့အသင်းကတော့ အာဖရိကက ဂီနီအသင်းနဲ့ ပလေးအောဖ့်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့် အင်ဒိုနီးရှားအသင်းဟာ အိုလံပစ်ဝင်ခွင့်ရဖို့ နီးစပ်နေပြီး ဆီမီးဖိုင်နယ်ပွဲစဉ်မှာအနိုင်ရတာနဲ့ သေချာပေါက်ဝင်ခွင့်ရရှိတော့မှာပါ။အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်နဲ့ ပရိသတ်တွေဟာ အင်ဒိုနီးရှားယူ-၂၃ အသင်းကို ချီးကျူးမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အင်ဒိုနီးရှားအသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဥဇဘတ်ကစ္စတန်နဲ့ ဆော်ဒီအသင်းတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol