Uncategorized

လိဒ်စ်ရဲ့အရှုံးကြောင့် ပရီးမီးယားလိဂ်ကို ပြန်လာနိုင်ခဲ့ပြီဖြစ်တဲ့ လက်စတာ

လက်စတာအသင်းဟာ ဒီမနက်ကစားခဲ့တဲ့ ချန်ပီယံရှစ်ပွဲစဉ်မှာ လိဒ်စ်အသင်းက ကျူပီအာအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တိုက်ရိုက်တန်းတက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

လိဒ်စ်အသင်းဟာ ဒီပွဲအရှုံးကြောင့် ချန်ပီယံရှစ်ပွဲကစားဖို့ ၁ ပွဲသာကျန်ရှိတော့ချိန်မှာ အဆင့် ၁ နေရာက လက်စတာအသင်းနဲ့ ၄ မှတ်ကွာဟသွားခဲ့တာပါ။အဲ့ဒါကြောင့် လက်စတာအသင်းဟာ လက်ကျန် ၂ ပွဲကစားဖို့ ကျန်ရှိချိန်မှာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်ခဲ့တာပါ။လက်စတာအသင်းအနေနဲ့ လက်ကျန် ၂ ပွဲမှာ ရမှတ် ၄ မှတ်ရတာနဲ့ ချန်ပီယံဆုကို ကိုင်မြှောက်နိုင်တော့မှာဖြစ်ပါတယ်။

လက်စတာအသင်းဟာ ရာသီအလယ်ပွဲစဉ်တွေမှာ ခြေချော်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေဆက်တိုက်ရယူနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီက တန်းဆင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ချက်ချင်းတန်းပြန်တက်နိုင်ခဲ့တာပါ။ပရီးမီးယားလိဂ်တိုက်ရိုက်တန်းတက်ခွင့် ၁ နေရာအတွက်ကို လိဒ်စ်နဲ့ အစ်စဝှချ်အသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အစ်စဝှချ်အသင်းဟာ လက်ကျန် ၃ ပွဲမှာ ၅ မှတ်ရတာနဲ့ ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်ခွင့် ရရှိတော့မှာပါ။ဆောက်သမ်တန်၊နော်ဝစ်ချ်၊ဝက်စ်ဘရွန်းအသင်းတို့ကတော့ ပလေးအောဖ့်ကနေ တန်းတက်ခွင့်ရဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

Content Технические Характеристики 1xbet (мобильное Приложение) Как Скачать Зеркало Официального Сайта 1xbet? Регистрация По Номеру Телефона Популярные Букмекеры Особенности Приложения
Uncategorized

Bonus Wyjąwszy Depozytu W Ice Casino Odbierz Bonus Na Start!

Limity umowy stosowane w Ice Casino są powiązane zwłaszcza z samą metodą płatności. Minimalne depozyty wynoszą dwadzieścia zł, co jest