မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဒီရာသီ ပရီးမီးယားလိဂ်ဆုဖလားအတွက် Title Race ထဲမှာ သူတို့အသင်းရယ် အာဆင်နယ်အသင်းအပြင် လီဗာပူးလ်အသင်းလည်း ရှိသေးတယ်လို့ ဆိုခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပွဲမှာ အရေးနိမ့်ပြီးနောက် အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၃ မှတ်အကွာ၊အဆင့် ၂ နေရာက မန်စီးတီးအသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၃ နေရာမှာရပ်တည်နေတာပါ။ပြီးတော့ မန်စီးတီးအသင်းဟာ ပွဲကျန်တစ်ပွဲကစားဖို့လည်း ကျန်ရှိနေတာဖြစ်ပါတယ်။
အဲ့ဒါကြောင့် လီဗာပူးလ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ မပါဝင်နိုင်တော့ဘူးလို့ သုံးသပ်နေကြပေမယ့် ဂွာဒီယိုလာကတော့ ဒါကို သဘောမတူတာဖြစ်ပါတယ်။
ဂွာဒီယိုလာက “Title Race က ကျနော်တို့နဲ့ အာဆင်နယ်ပဲ ယှဉ်ပြိုင်ရမှာမဟုတ်ပါဘူး။လီဗာပူးလ်အသင်း ၂ ပွဲဆက်ရှုံးခဲ့သလို အာဆင်နယ်ရော ကျနော်တို့လည်း ရှုံးနိုင်ပါတယ်။အဲ့ဒါကြောင့် အများကြီးဖြစ်ပျက်နိုင်ပါသေးတယ်”လို့ဆိုခဲ့ပါတယ်။