ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ သွင်းဂိုးအများအပြားနဲ့ ပြိုင်ဆိုင်မှုပြင်းထန်နေပြီး ပွဲပေါင်း ၄၅ ပွဲကစားဖို့ ကျန်ရှိနေသေးပေမယ့် စံချိန်တင်သွင်းဂိုးရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/04/inbound3776758143232950954-1024x1021.jpg)
ဒီမနက်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ အသင်းပေါင်း ၂၀ ဟာ ၁၀၉၂ ဂိုးအထိသွင်းယူထားတာပါ။အဲ့ဒါကြောင့် ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုးဟာ ပြီးခဲ့တဲ့ရာသီက သွင်းဂိုးကို ကျော်လွန်ခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/04/inbound4459897830901943937-819x1024.jpg)
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်သွင်းဂိုးဟာ ၁၀၈၄ ဂိုးရှိခဲပြီး ဒီရာသီပရီးမီးယားလိဂ်သွင်းဂိုးက ပြိုင်ပွဲမပြီးဆုံးခင်မှာတင် ၈ ဂိုးအသာရသွားခဲ့တာပါ။နောက်ထပ်ကစားဖို့ ၄၅ ပွဲကျန်ရှိနေသေးတာကြောင့် သွင်းဂိုးအများအပြား ထပ်မံပေါင်းထည့်တာကို မြင်တွေ့ရဖို့ ရှိနေတာဖြစ်ပါတယ်။