Uncategorized

လီဗာပူးလ်အသင်းဖော်တွေရဲ့EPL ဖလားရယူချင်တဲ့ ဆန္ဒကိုမေးခွန်းထုတ်ခဲ့တဲ့ ဗန်ဒိုက်

လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က အဲဗာတန်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ အသင်းဖော်တွေရဲ့ပရီးမီးယားလိဂ်ဖလားရယူချင်တဲ့ ဆန္ဒကို မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်တွေကစားဖို့ ၄ ပွဲသာကျန်ရှိတော့တဲ့အချိန်မှာ လီဗာပူးလ်အသင်းဟာ အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၃ မှတ်ကွာဟသွားသလို ပွဲကျန် ၂ ပွဲကစားဖို့ကျန်ရှိနေတဲ့ အဆင့် ၃ နေရာက မန်စီးတီးအသင်းကို ၁ မှတ်သာအသာရတော့တာပါ။အဲ့ဒါကြောင့် လီဗာပူးလ်အသင်းရဲ့ဒီရာသီ ပရီးမီးယားလိဂ်ဖလားရယူနိုင်မယ့် မျှော်လင့်ချက်ဟာ ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။

ဗန်ဒိုက်က”ကျနော်တို့ ပရီးမီးယားလိဂ်ဖလားကို တကယ်ပဲရယူချင်ခဲ့တာလား။ဒီလိုပုံစံအတိုင်းကစားရင် ကျနော်တို့အနေနဲ့ ပရီးမီးယားလိဂ်ဖလားရယူနိုင်မယ့် အခွင့်အရေးမရှိပါဘူး။အလွန်စိတ်ပျက်ဖို့ကောင်းပါတယ်။လူတိုင်းမှန်ထဲပြန်ကြည့်ရမှာဖြစ်သလို ကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုလည်း ပြန်ကြည့်ရပါမယ်။ဒီပွဲလိုသာကစားရင် ဆုဖလားအတွက် စဉ်းစားဖို့ အခွင့်အရေးမရှိဘူး”လို့ ဆိုခဲ့တာပါ။

လီဗာပူးလ်အသင်းနည်းပြ ကလောပ့်လည်း ပရီးမီးယားလိဂ်ဖလားအတွက် မန်စီးတီးနဲ့ အာဆင်နယ်အသင်းအခြေအနေဆိုးရွားနိုင်မှရမယ်လို့ ပြောကာ အသင်းပရိသတ်တွေကို တောင်းပန်သွားခဲ့ပါတယ်။လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol