ကိုဗင်ထရီအသင်းကို အနိုင်ရခဲ့တဲ့ FA ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ ယူနိုက်တက်အသင်းအပေါ် ဝေဖန်ခဲ့တဲ့သူတွေဟာ ရှက်ဖို့ကောင်းတယ်လို့ ပြန်ပြီးတုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီပွဲစဉ်မှာ ၃ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်ထားပြီးမှ ၃ ဂိုးပြန်ပေးခဲ့ရပြီး ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရခဲ့တာကြောင့် ဝေဖန်မှုတွေအကြီးအကျယ်ခံနေရတာပါ။ဒီပွဲရဲ့အချိန်ပိုမှာ ကိုဗင်ထရီအသင်းအနိုင်ဂိုးသွင်းယူခဲ့ပေမယ့် VAR က လူကျွံဘောဖြစ်နေတယ်ဆိုပြီး ပယ်ဖျက်ခဲ့တာကြောင့်လည်း ယူနိုက်တက်အသင်းကံကောင်းသွားခဲ့တာဖြစ်ပါတယ်။
အဲရစ်တန်ဟတ်က “ဘောလုံးပွဲဆိုတာ ရလဒ်ပါပဲ။ကျနော်တို့ဗိုလ်လုပွဲတက်ခဲ့ပြီး ဒါကထိုက်တန်ပါတယ်။ကျနော်တို့ မိနစ် ၂၀ ကြာထိန်းချုပ်မှုဆုံးရှုံးခဲ့ပေမယ့် အဆုံးသတ်မှာကံကောင်းပြီး ဗိုလ်လုပွဲရောက်ရှိခဲ့ပါတယ်။ဒါက ကြီးမားတဲ့ အောင်မြင်မှုပါ။မီဒီယာတွေရဲ့တုံ့ပြန်မှုတွေက ရှက်ဖို့ကောင်းပါတယ်။၂ နှစ်အတွင်း FA ဖလားဗိုလ်လုပွဲကို ၂ ကြိမ်တက်နိုင်ခဲ့တာပါ။မှတ်ချက်ပေးခဲ့တာတွေက ရှက်စရာတွေပါ”လို့ ဆိုခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ကြားရက်ထဲမှာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး လိဂ်ပြိုင်ပွဲမှာ နိုင်ပွဲပျောက်ဆုံးနေတာကို အဆုံးသတ်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။