Uncategorized

ဒေါ့မွန်နဲ့ စာချုပ်သက်တမ်းမတိုးတော့ဘဲ ထွက်ခွာတော့မယ့် မာကိုရူးစ်

ဒေါ့မွန်အသင်းရဲ့သစ္စာရှင်ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ဝါရင့်ကွင်းလယ်လူ မာကိုရူးစ်ဟာ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီအကုန်မှာ ထွက်ခွာတော့မယ်လို့ အတည်ပြုသွားခဲ့ပါတယ်။

မာကိုရူးစ်ဟာ ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်းတိုးလို့ရပေမယ့် ထွက်ခွာဖို့ကိုပဲ ဆုံးဖြတ်ခဲ့တာပါ။ဒေါ့မွန်လူငယ်အသင်းမှာ ၉ ရာသီကြာကစားခဲ့ပြီး မိုချန်ဂလာဘတ်အသင်းထံ ပြောင်းခဲ့တဲ့ မာကိုရူးစ်ဟာ ၂၀၁၂ က ဒေါ့မွန်အသင်းထံ ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။မာကိုရူးစ်ဟာ ဒေါ့မွန်အသင်းမှာ သူ့ရဲ့တွဲဖက်ကစားသမားအများအပြား ထွက်ခွာခဲ့ပေမယ့် သူကတော့ အသင်းမှာ ဆက်ပြီးရှိနေခဲ့တာပါ။

အခုအချိန်မှာတော့ မာကိုရူးစ်ဟာ ၁၂ နှစ်ကြာကစားခဲ့တဲ့ ဒေါ့မွန်အသင်းကို နှုတ်ဆက်တော့မှာဖြစ်ပါတယ်။မာကိုရူးစ်ဟာ ဒေါ့မွန်အသင်းမှာ ပြည်တွင်းဖလားမရခဲ့ပေမယ့် ပိုကယ်လ်ဖလားနဲ့ စူပါဖလားတို့ကို ၂ ကြိမ်စီရရှိခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို အရေးနိမ့်ခဲ့တဲ့ ၂၀၁၃ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဒေါ့မွန်အသင်းရဲ့အစိတ်အပိုင်းအဖြစ်ရှိခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ရောက်ရှိနေပြီး ပထမအကျော့မှာ ပီအက်စ်ဂျီအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရထားတာပါ။အဲ့ဒါကြောင့် မာကိုရူးစ်အနေနဲ့ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ပြီး ဒေါ့မွန်အသင်းကို နှုတ်ဆက်သွားမလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol