Uncategorized

ဒီရာသီ ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုကို ရရှိသွားခဲ့ပြီဖြစ်တဲ့ ဒေးဗစ်ရာယာ

အဲဗာတန်အသင်းဂိုးသမား ပစ်ဖိုဒ့်ဟာ လူတန်အသင်းရဲ့သွင်းဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် အာဆင်နယ်အသင်းဂိုးသမား ဒေးဗစ်ရာယာဟာ ဒီရာသီ ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဒေးဗစ်ရာယာဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပေးဂိုးမပေးရတဲ့ ပွဲအရေအတွက် ၁၄ ပွဲအထိ ရှိထားတာပါ။ပစ်ဖိုဒ့်ဟာ ပေးဂိုးမပေးရတဲ့ပွဲအရေအတွက် ၁၂ ပွဲအထိရှိထားပြီး ကစားဖို့ကျန်ရှိနေတဲ့ ၂ ပွဲစလုံးပေးဂိုးမပေးရရင်တောင် ဒေးဗစ်ရာယာနဲ့ ပွဲအရေအတွက်ချင်းတူညီမှာဖြစ်ပါတယ်။ဒေးဗစ်ရာယာကတော့ ပရီးမီးယားလိဂ်ပွဲစဉ်ကစားဖို့ ၃ ပွဲအထိကျန်ရှိနေသေးတာပါ။

အဲ့ဒါကြောင့် ဒေးဗစ်ရာယာဟာ ၂၀၂၃-၂၄ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ရွှေလက်အိတ်ဆုကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ဒေးဗစ်ရာယာဟာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် ၂၉ ပွဲကစားအပြီးမှာ ၁၄ ပွဲပေးဂိုးမပေးရအောင် လက်စွမ်းပြသနိုင်ခဲ့တာပါ။ဘရန်ဖိုဒ့်ကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ ဒေးဗစ်ရာယာကို အာဆင်နယ်အသင်းဟာ နွေရာသီမှာ အပြီးသတ်ခေါ်ယူမှာဖြစ်ပါတယ်။

LONDON, ENGLAND – APRIL 28: David Raya of Arsenal celebrates the third Arsenal goal during the Premier League match between Tottenham Hotspur and Arsenal FC at Tottenham Hotspur Stadium on April 28, 2024 in London, England. (Photo by Visionhaus/Getty Images)

ဒေးဗစ်ရာယာဟာ ၂၀၁၅-၁၆ ရာသီက ပီတာချက်နောက်ပိုင်း ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုကို ရယူနိုင်တဲ့ ပထမဆုံးအာဆင်နယ်အသင်း ကစားသမားဖြစ်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol