ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက အသင်းကို တည်ငြိမ်အောင်လုပ်ဖို့ သူ့အတွက် အချိန်လိုအပ်ပေမယ့် အသင်းမှာဆက်ရှိ၊မရှိက သူဆုံးဖြတ်ရမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/133264503_gettyimages-2150587935.jpg)
ချယ်လ်ဆီးအသင်းဟာ စပါးအသင်းနဲ့ပွဲစဉ်မှာ ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် ရလဒ်ဆိုးတွေကို အဆုံးသတ်နိုင်ခဲ့တာပါ။ချယ်လ်ဆီးအသင်းဟာ ဒီရလဒ်ကြောင့် ပရီးမီးယားလိဂ်အဆင့် ၈ နေရာမှာ ရပ်တည်နေပေမယ့် အဆင့် ၆ နေရာက ယူနိုက်တက်အသင်းနဲ့ ၃ မှတ်သာကွာဟတာကြောင့် လာမယ့်ရာသီ ဥရောပဝင်ခွင့်မျှော်လင့်လို့ရတာဖြစ်ပါတယ်။
ဒါပေမယ့် ပိုချက်တီနိုဟာ ဒီရာသီမှာ အသင်းကို အောင်မြင်မှုဆုဖလားရယူပေးနိုင်ခဲ့ခြင်းမရှိသလို အသင်းကို ရလဒ်တသမတ်တည်း ရှိအောင်လုပ်ပေးနိုင်ခဲ့ခြင်းမရှိတာကြောင့် အသင်းပိုင်ရှင်တွေရဲ့ထောက်ခံအားပေးမှုကို ရရှိခြင်းမရှိတော့ပါဘူး။အဲ့ဒါကြောင့် ပိုချက်တီနိုရဲ့အနာဂတ်ဟာ ချယ်လ်ဆီးအသင်းမှာ သေချာမှုမရှိတော့တာပါ။
![](https://www.ballpwel.com/wp-content/uploads/2024/05/The-Independent.jpg)
ပိုချက်တီနိုက “နည်းပြတိုင်းဟာ သူတို့ရဲ့အတွေးတွေနဲ့ ဒဿနတွေကို ဘာသာပြန်ဆိုနိုင်ဖို့ အချိန်လိုအပ်ပါတယ်။ဒီအတွက် အချိန်လိုအပ်ပေမယ့် ဒါက ကျနော့်ရဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူး။အပတ်တိုင်း ကျနော့်ကို အကဲဖြတ်နေတာကို မြင်ရတာဟာ ခက်ခဲပါတယ်။လာမယ့်ရာသီဒီမှာဆက်ရှိ၊မရှိကတော့ ကျနော့်ဆုံးဖြတ်ချက်အပေါ်မူမတည်ဘူး”လို့ဆိုခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အဓိက ကစားသမား ၁၄ ဦးအထိဒဏ်ရာရရှိနေတာကြောင့် စပါးအသင်းနဲ့ပွဲမှာ လူငယ်ကစားသမားအများအပြားကို အရန်စာရင်းထဲခေါ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။